၂ ရာချုပ် 20:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထိုသို့ ရန်သူကိုအောင်နိုင်၍ ဝမ်းမြောက်ရသောအခွင့်ကို ထာဝရဘုရားပေးသနားတော်မူသောကြောင့် ယောရှဖတ်မင်းကြီးဦးဆောင်သော ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ဂျေရုဆလင်မြို့သို့ ဝမ်းမြောက်စွာပြန်သွားကြ၏။ Ver CapítuloCommon Language Bible27 ယောရှဖတ်သည်အောင်ပွဲခံ၍မိမိ၏စစ် သည်တော်တို့ကို ယေရုရှလင်မြို့သို့ပြန် လည်ခေါ်ဆောင်လာတော်မူ၏။- Ver CapítuloGarrad Bible27-28 ထို နောက် ရန် သူ တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား အောင် ခွင့် ပေး တော် မူ သော ကြောင့်၊ ဦး တည် သော ယောရှ ဖတ် မင်း နှင့် တ ကွ၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့၊ ရဲ မက် အ သီး အ သီး တို့ သည်၊ အောင် သံ လွှင့် လျက်၊ တ ယော၊ စောင်း၊ တံ ပိုး များ ကို တီး မှုတ် လျက်၊ ယေ ရု ရှ လင် မြို့၊ ဗိ မာန် တော် သို ပြန် သွား ကြ၏။ Ver CapítuloJudson Bible27 ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ Ver Capítulo |
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။