၂ ရာချုပ် 20:19 - မြန်မာ့စံမီသမ္မာကျမ်း19 လေဝိအမျိုးများဖြစ်သော ကောဟတ်သားမြေးနှင့် ကောရသားမြေးတို့သည်လည်းရပ်လျက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို သံကုန်ဟစ်၍ချီးမွမ်းကြ၏။ Ver CapítuloCommon Language Bible19 ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။ Ver CapítuloGarrad Bible19 လေ ဝိ အ နွယ် ကော ဟတ် နှင့် ကော ရ ဂိုဏ်း သား တို့ သည်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဂုဏ် တော် ကို သံ ကုန် ဟစ်၍ ထ ရပ် ချီး မွမ်း ကြ လေ ၏။ Ver CapítuloJudson Bible19 လေဝိအမျိုး၊ ကောဟတ်အနွယ်သားနှင့် ကောရအနွယ်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှာ ရပ်နေကြ၏။ Ver Capítulo |
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။