၂ ရာချုပ် 2:10 - မြန်မာ့စံမီသမ္မာကျမ်း10 မင်းကြီး၏အမှုထမ်း သစ်ခုတ်သမားများ သစ်ခုတ်ပေးသည့်အဖိုးအခအဖြစ် ကြိတ်ပြီးသားဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန် ကောရနှစ်သောင်း၊ စပျစ်ဝိုင် ဗတ်နှစ်သောင်း၊ သံလွင်ဆီ ဗတ်နှစ်သောင်း ပေးပါမည်”ဟု မှာလိုက်၏။ Ver CapítuloCommon Language Bible10 ကျွန်ုပ်သည်အဆွေတော်၏အလုပ်သမား များအတွက်ရိက္ခာအဖြစ်ဖြင့်ဂျုံတင်းတစ် သိန်း၊ မုယောဆန်တင်းတစ်သိန်း၊ စပျစ်ရည် ဂါလံတစ်သိန်းတစ်သောင်းနှင့်သံလွင်ဆီ ဂါလံတစ်သိန်းတစ်သောင်းကိုပေးပို့ပါ မည်'' ဟုမှာကြားတော်မူလိုက်၏။ Ver CapítuloGarrad Bible10 သစ် ကို ခုတ် လုပ် သော အ မှု ထမ်း တို့ အား ဂျုံ ဆန် တင်း ရေ နှစ် သိန်း၊ မု ယော ဆန် တင်း ရေ နှစ် သိန်း၊ စ ပျစ် ရည် ချိန် ခွက် ငါး သိန်း၊ ဆီ ချိန် ခွက် ငါး သိန်း များ ကို ကျွန်ုပ် ပေး ပါ မည် ဟု အ မှာ တော် သ လိုက် လေ ၏။ Ver CapítuloJudson Bible10 သစ်ခုတ်သော မင်းကြီးကျွန်တို့အား ဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန် နှစ်သောင်း၊ စပျစ်ရည် ဗတ်နှစ်သောင်း၊ ဆီ နှစ်သောင်းကို ငါပေးမည်ဟု မှာလိုက်လေ၏။ Ver Capítulo |
မင်းကြီးကိုနှစ်သက်မြတ်နိုး၍ ရှင်ဘုရင်အဖြစ်ရာဇပလ္လင်တွင် စံမြန်းစေတော်မူသော မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။ မင်းကြီး၏ဘုရားသခင်သည် အစ္စရေးလူမျိုးကိုချစ်တော်မူ၍ ထာဝရတည်စေလိုသဖြင့် တရားမျှတစွာ၊ ဖြောင့်မတ်စွာစီရင်အုပ်ချုပ်ရန် မင်းကြီးကို ရှင်ဘုရင်အဖြစ် ခန့်ထားတော်မူပြီ”ဟု ဆိုလေ၏။