၂ ရာချုပ် 17:2 - မြန်မာ့စံမီသမ္မာကျမ်း2 ယုဒပြည်ရှိ ခံတပ်မြို့အားလုံးတို့တွင် စစ်တပ်များကို ချထား၏။ ယုဒပြည်ရှိမြို့များနှင့် သူ၏ခမည်းတော်အာသမင်းကြီး သိမ်းယူခဲ့သောဧဖရိမ်ပြည်ရှိမြို့များတွင်လည်း မြို့စောင့်တပ်များကို ချထား၏။ Ver CapítuloCommon Language Bible2 သူသည်ယုဒပြည်ခံတပ်မြို့များ၊ ယုဒ ကျေးလက်များနှင့်ဧဖရိမ်နယ်မြေမှ အာသသိမ်းယူထားသည့်မြို့များတွင် မိမိ၏စစ်တပ်များကိုချထားလေသည်။- Ver CapítuloGarrad Bible2 ယု ဒ ပြည် လုံး ရှိ ခံ တပ် မြို့ များ တွင်၊ ဗိုလ် ထု များ ကို လည်း ကောင်း၊ ယု ဒ ပြည် မှ စ ၍၊ ခ မည်း တော် အာ သ မင်း သိမ်း စု ပါ ဧ ဖ ရိမ် နယ် ရှိ မြို့ ရွာ တိုင်း တွင်၊ ကင်း တပ် များ ကိုလည်း ကောင်း၊ ထား လေ ၏။ Ver CapítuloJudson Bible2 ယုဒပြည်တွင်၊ ခိုင်ခံ့သောမြို့ရှိသမျှတို့၌၊ တပ်သားများကိုထား၏။ ယုဒပြည် အရပ်ရပ်တို့၌လည်းကောင်း၊ ဧဖရိမ်ပြည်မှာ ခမည်းတော် အာသတိုက်ယူသော မြို့တို့၌လည်းကောင်း၊ မြို့စောင့်တပ်ကို အသီးအသီးခန့်ထား၏။ Ver Capítulo |
အာသမင်းကြီးသည် ထိုစကားများနှင့် ပရောဖက်ဩဒက် ပရောဖက်ပြုသောစကားများကို ကြားသောအခါ အားတက်လာပြီး ယုဒပြည်တစ်ပြည်လုံး၊ ဗင်္ယာမိန်ပြည်တစ်ပြည်လုံးနှင့် ဧဖရိမ်တောင်ပေါ်ဒေသရှိ သူသိမ်းယူထားသောမြို့ရွာများမှ ရွံရှာဖွယ်ရာများကို ဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်ဆင်ဝင်ရှေ့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်ကိုလည်း ပြုပြင်လေ၏။