၂ ရာချုပ် 16:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။ Ver CapítuloCommon Language Bible10 ထိုစကားကြောင့်အာသသည်ပရောဖက် အားအမျက်ထွက်၍ သံကြိုးများနှင့်ချည် နှောင်ထားစေ၏။ ဤအချိန်၌အာသသည် ပြည်သူအချို့ကိုနှိပ်စက်ညှဉ်းဆဲစပြု လေသည်။ Ver CapítuloGarrad Bible10 ထို သို့ သော စ ကား ကြောင့်၊ အာ သ မင်း သည် ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက်၊ အ မြော် အ မြင် ဆ ရာ ကို နှောင် အိမ် တွင် သွင်း ထား လေ၏။ ထို ကာ လ ပြည် သူ ပြည် သား အ ချို့ တို့ ကို လည်း ညှဉ်း ပန်း လေ ၏။ Ver CapítuloJudson Bible10 ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက်ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ၏။ Ver Capítulo |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။