၂ ရာချုပ် 13:5 - မြန်မာ့စံမီသမ္မာကျမ်း5 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။ Ver CapítuloCommon Language Bible5 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။- Ver CapítuloGarrad Bible5 ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဒါ ဝိဒ် မင်း နှင့် သား စဉ် မြေး ဆက် တို့ အား ဣ သ ရေ လ နိုင် ငံ ကို သ စ္စာ တော် ဆား ဖြင့် ပ ဋိ ညာဉ် ဖွဲ့ လျက် အပ် တော် မူ ကြောင်း သိ ရ ကြ သည် မ ဟုတ် လော။ Ver CapítuloJudson Bible5 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဆားနှင့်ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလနိုင်ငံကို ဒါဝိဒ်နှင့် သားတော်မြေးတော်တို့၌ အစဉ်အပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။ Ver Capítulo |
ယခုမှာ ထာဝရဘုရားသည် မိမိပြုထားသောကတိတော်ကို တည်စေပြီ။ ထာဝရဘုရားမိန့်မှာခဲ့သည့်အတိုင်း ငါသည် ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏အရိုက်အရာကို ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းနေရပြီ။ အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကိုလည်း တည်ဆောက်ခဲ့ပြီ။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့ရှေ့မှောက်၌ သင်အသက်ရှင်လျှောက်လှမ်းခဲ့သည့်နည်းတူ သင့်သားမြေးတို့သည်လည်း ငါ့ပညတ်တရားအတိုင်း တည်ကြည်စွာအသက်ရှင်လျှောက်လှမ်းလျှင် သင့်မျိုးရိုးသည် ငါ့ရှေ့မှောက် အစ္စရေးရာဇပလ္လင်တွင် မပြတ်စံမြန်းရလိမ့်မည်’ဟု မိန့်ဆိုခဲ့သည့်စကားကို တည်စေတော်မူပါ။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။