၂ ရာချုပ် 13:19 - မြန်မာ့စံမီသမ္မာကျမ်း19 အဘိယမင်းကြီးသည် ယေရောဗောင်မင်းကြီးကို လိုက်လံတိုက်ခိုက်ပြီး ဗေသလမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ယေရှနမြို့နှင့်ဝန်းကျင်ရှိရွာများ၊ ဧဖရုန်မြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလေ၏။ Ver CapítuloCommon Language Bible19 အဘိယသည်ယေရောဗောင်၏တပ်မတော်ကို လိုက်လံတိုက်ခိုက်ပြီးလျှင်ဗေသလမြို့၊ ယေ ရှနမြို့၊ ဧဖရိမ်မြို့များနှင့်ထိုမြို့များအနီး ရှိကျေးရွာများကိုသိမ်းယူတော်မူသည်။- Ver CapítuloGarrad Bible19 အ ဘိ ယ မင်း သည် ယေ ရော ဗောင် မင်း ကို လိုက် လံ လျက်၊ ဗေ သ လ၊ ယေ ရှ န၊ ဧ ဖ ရိမ် မြို့ များ နှင့် နိ ဂုံး များ ကို သိမ်း ယူ ပြီး နောက်၊ Ver CapítuloJudson Bible19 အဘိယသည် ယေရောဗောင်ကို လိုက်၍၊ ဗေသလမြို့နှင့် ရွာများ၊ ယေရှနမြို့နှင့် ရွာများ၊ ဧဖရိမ်မြို့နှင့် ရွာများတို့ကို သူ့လက်မှနုတ်ယူလေ၏။ Ver Capítulo |
အာသမင်းကြီးသည် ထိုစကားများနှင့် ပရောဖက်ဩဒက် ပရောဖက်ပြုသောစကားများကို ကြားသောအခါ အားတက်လာပြီး ယုဒပြည်တစ်ပြည်လုံး၊ ဗင်္ယာမိန်ပြည်တစ်ပြည်လုံးနှင့် ဧဖရိမ်တောင်ပေါ်ဒေသရှိ သူသိမ်းယူထားသောမြို့ရွာများမှ ရွံရှာဖွယ်ရာများကို ဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်ဆင်ဝင်ရှေ့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်ကိုလည်း ပြုပြင်လေ၏။
ထိုမြို့နှင့် မြို့၏ဘုရင်အပါအဝင် မြို့ရွာအားလုံးကိုသိမ်းပိုက်၏။ မြို့သူမြို့သားအားလုံးကို ဓားဖြင့် တစ်ယောက်မကျန် လုပ်ကြံသတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။ ဟေဗြုန်မြို့နှင့်ဘုရင်၊ လိဗနမြို့နှင့်ဘုရင် တို့ကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်ဘုရင်ကို ပြုလေ၏။
အစ္စရေးအမျိုးသားများ ထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များလည်း ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်တစ်ဖက်ခြမ်းနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့၌နေသော အစ္စရေးအမျိုးသားတို့ သိမြင်လျှင် သူတို့သည်လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။