၂ ရာချုပ် 11:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကိုတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ယေရောဗောင်မင်းကြီးထံ စစ်ချီရာမှ လှည့်ပြန်သွားကြလေ၏။ Ver CapítuloJudson Bible4 သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှာ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကို နားထောင်၍၊ ယေရောဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။ Ver Capítulo |