၂ ရာ 7:19 - မြန်မာ့စံမီသမ္မာကျမ်း19 အို ဘုရားရှင်ထာဝရဘုရား၊ ဤအရာသည် ကိုယ်တော့်အဖို့ အသေးအဖွဲသာဖြစ်ပါ၏။ ကိုယ်တော့်အစေအပါး၏အနာဂတ်မျိုးဆက်နှင့်ပတ်သက်၍လည်း ကိုယ်တော်မိန့်တော်မူလေပြီ။ အို ဘုရားရှင်ထာဝရဘုရား၊ လူသားတို့သည် ထိုသို့ ပြုလေ့ပြုထရှိပါသလော။ Ver CapítuloCommon Language Bible19 အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။- Ver CapítuloGarrad Bible19 အို အ ရှင် ထာ ဝ ရ ဘု ရား ထို ကျေး ဇူး တော် ကို သာ မ ည သ ဖွယ် မှတ် ယူ တော် မူ လျက် ရှည် လျား သော နောင် ကာ လ တိုင် အောင် ကျွန် တော် မျိုး၏ အိမ် ထောင် ကို ရည်၍ လူ တို့ ဘာ ဝ အ လိုက် မိန့် တော် မူ ပါ ပြီ တ ကား၊ အို အ ရှင် ထာ ဝ ရ ဘု ရား Ver CapítuloJudson Bible19 သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါသလော။ Ver Capítulo |