၂ ရာ 6:5 - မြန်မာ့စံမီသမ္မာကျမ်း5 ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ နှဲ၊ လင်းကွင်း စသည့်ထင်းရှူးသားဖြင့်ပြုလုပ်ထားသောတူရိယာအမျိုးမျိုးတို့ကို တီးမှုတ်လျက် ထာဝရဘုရားရှေ့တော်တွင် ပျော်မြူးကြ၏။ Ver CapítuloCommon Language Bible5 ဒါဝိဒ်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရား၏ဂုဏ်တော်ကိုချီး ကူးရန်အစွမ်းကုန်ကခုန်ကြ၏။ သူတို့သည် စောင်းကြီးစောင်းငယ်၊ ပတ်သာ၊ နှဲ၊ ခရာ၊ လင်း ကွင်းအစရှိသည့်တူရိယာများကိုတီး မှုတ်ကြ၏။ Ver CapítuloGarrad Bible5 ဒါ ဝိဒ် မင်း နှင့် တ ကွ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ထင်း ရူး သား ဖြင့် လုပ် သော စောင်း၊ တ ယော၊ ပတ် သာ၊ လှုပ် ချူ နှင့် လက် ကွင်း စ သော တူ ရိ ယာ များ ကို၊ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ တီး မှုတ် ကြ ကုန်၏။ Ver CapítuloJudson Bible5 ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။ Ver Capítulo |
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
ထို့နောက်မှ ဖိလိတ္တိခံတပ်ရှိရာ ဘုရားသခင်၏တောင်တော်သို့ ရောက်လိမ့်မည်။ မြို့နားသို့ရောက်လျှင် ပရောဖက်တစ်စုသည် သူတို့ရှေ့တွင် စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စောင်းကောက် တီးမှုတ်သူတို့ပါလျက်၊ သူတို့သည် ပရောဖက်ပြုလျက် အထွတ်အမြတ်ထားရာကုန်းမြင့်မှဆင်းလာသည်ကို သင်တွေ့ရလိမ့်မည်။