၂ ရာ 6:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထိုထက်မက အရိုအသေတန်အောင် ငါလုပ်ဦးမည်။ ငါ့စိတ်တိုင်းကျ ငါ့ကိုယ်ငါ နှိမ့်ချဦးမည်။ သို့သော် သင်ပြောဆိုနေသောကျွန်မများသည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်”ဟု ပြန်ပြော၏။ Ver CapítuloCommon Language Bible22 ငါ၏ကိုယ်ကိုပို၍ပင်အသရေပျက်စေပါ ဦးမည်။ သင်သည်ငါ့အားအထင်သေးသော် လည်းထိုကျွန်မိန်းမတို့ကမူအထင်ကြီး ကြမည်'' ဟုပြန်၍မိန့်တော်မူ၏။ Ver CapítuloJudson Bible22 ထိုမျှမက၊ ငါသာ၍ယုတ်မာမည်။ ကိုယ်အထင်အတိုင်း ကိုယ်ကိုသာ၍ နှိမ့်ချမည်၊ သင်ပြောသော ကျွန်မများမူကား၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော၏။ Ver Capítulo |
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။