၂ ရာ 24:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထို့နောက် ဒါဝိဒ်မင်းကြီးသည် ထိုနေရာတွင် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း တိုင်းပြည်အတွက် အသနားခံသည်ကို နားညောင်းတော်မူပြီး အစ္စရေးလူမျိုးတို့ ခံရသောဘေးဒဏ်ကို ငြိမ်းစေလေ၏။ Ver CapítuloCommon Language Bible25 သူသည်ထိုအရပ်တွင်ထာဝရဘုရား၏ အတွက် ယဇ်ပလ္လင်ကိုတည်ဆောက်တော်မူပြီး လျှင် မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တို့ ကိုပူဇော်တော်မူ၏။ ထာဝရဘုရားသည် လည်းမင်းကြီး၏ဆုတောင်းပတ္ထနာကိုနား ညောင်းတော်မူ၍ ဣသရေလနိုင်ငံတွင် ကပ်ရောဂါဘေးကိုငြိမ်းအေးစေတော် မူ၏။ ဋ္ဌမ္မရာဇဝင်ဒုတိယစောင်ပြီး၏။ Ver CapítuloGarrad Bible25 ထို အ ရပ်၌ ပင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လျက် မီး ရှို့ ရာ သ က္ကာ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် လျှင် ပြည် တော် အ ဖို့ ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ သ ဖြင့် ဣ သ ရေ လ လူ မျိုး ၌ ကပ် ရော ဂါ ဘေး ရပ် စဲ သ တည်း။ Ver CapítuloJudson Bible25 ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဖို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာဘေးကို ငြိမ်းစေတော်မူ၏။ ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။ Ver Capítulo |