၂ ရာ 24:16 - မြန်မာ့စံမီသမ္မာကျမ်း16 ကောင်းကင်တမန်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် လက်ကိုဆန့်တော်မူလျှင် ထာဝရဘုရားသည် ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် လူတို့ကိုဖျက်ဆီးသည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနား၌ ရှိနေ၏။ Ver CapítuloCommon Language Bible16 ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ပြုသော အခါ ထာဝရဘုရားသည်လူတို့အား အပြစ်ဒဏ်ခတ်မှုနှင့်ပတ်သက်၍စိတ်ပြောင်း လဲတော်မူသဖြင့်``ရပ်တန့်လော့။ တော်လောက် ပြီ'' ဟုကောင်းကင်တမန်အားမိန့်တော်မူ၏။ ထိုအခါ၌ကောင်းကင်တမန်သည်ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း အနီးတွင်ရပ်လျက်နေသတည်း။ Ver CapítuloGarrad Bible16 ယေ ရု ရှ လင် မြို့ ကို ဖျက် ဆီး ရန် စေ တ မန် တော် လက် ဆန့် စဉ် ထာ ဝ ရ ဘု ရား သည် ထို ဘေး ဒဏ် မှ စိတ် တော် ပြောင်း လဲ ၍ တော် ပြီ။ သင့် လက် ရုပ် သိမ်း လော့ ဟု လူ မျိုး တော် ကို ဖျက် ဆီး သော စေ တ မန် တော် အား မိန့် တော် မူ ၏။ ထို အ ခါ ယေ ဗု သိ လူ မျိုး အ ရော န၏ ကောက် နယ် တ လင်း အ နီး တွင် စေ တ မန် တော် ရပ် နေ သ တည်း။ Ver CapítuloJudson Bible16 ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရားသည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူ အရောန၏ကောက်နယ်တလင်းအနားမှာ ရှိ၏။ Ver Capítulo |
ထိုနေ့တွင်ပင် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်မည့်သူ မည်သူမဆို တူးမြောင်းကို ဖြတ်ပြီးလျှင် ဒါဝိဒ်မင်းကြီးကို မနှစ်သက်သောခြေမသန်သူများ၊ မျက်မမြင်သူများကို သုတ်သင်ပစ်ကြ”ဟု အမိန့်ပေး၏။ ထိုအကြောင်းကြောင့် “မျက်မမြင်သူ၊ ခြေမသန်သူများသည် နန်းတော်သို့ ဝင်ခွင့်မရှိ”ဟု ဆိုစမှတ်ပြုကြလေ၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဂျေရုဆလင်မြို့ရှိ မောရိတောင်ပေါ်၊ ခမည်းတော်ဒါဝိဒ်မင်းကြီးထံ ထာဝရဘုရားထင်ရှားတော်မူရာနေရာတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။ ထိုနေရာသည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းတွင် အိမ်တော်တည်ဆောက်ဖို့ ဒါဝိဒ်မင်းကြီးပြင်ဆင်ထားသောနေရာဖြစ်၏။
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်တမန်ကိုစေလွှတ်၍ အဆီးရီးယားဘုရင်၏တပ်စခန်းရှိ စစ်သူရဲများ၊ တပ်မှူးများ၊ စစ်သူကြီးများ အားလုံးကို သုတ်သင်ပစ်လေ၏။ ထို့ကြောင့် အဆီးရီးယားဘုရင်သည် မိမိပြည်သို့ အရှက်ရသောမျက်နှာနှင့် ပြန်ဆုတ်သွားပြီး မိမိဘုရားဝတ်ကျောင်းသို့ဝင်သွားလျှင် သားတော်အရင်းတို့ကပင် သူ့ကို ဓားဖြင့်ကွပ်မျက်ပစ်ကြလေ၏။
ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ယုဒလူမျိုးတို့သည် ထိုပရောဖက်ကို သတ်ခဲ့သလော။ ထိုဘုရင်သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ထာဝရဘုရား၏မျက်နှာတော်ကို ရှာသောကြောင့် သူတို့အပေါ် ကျရောက်စေမည့်ဘေးအန္တရာယ်မှ ထာဝရဘုရား စိတ်ပြောင်းလဲတော်မူသည် မဟုတ်လော။ ငါတို့မူကား ငါတို့အပေါ် ကြောက်မက်ဖွယ်ဘေးအန္တရာယ်ကို ကျရောက်စေကြပြီ”ဟု ဆိုကြ၏။