Biblia Todo Logo
La Biblia Online
- Anuncios -




၂ ရာ 23:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သန်မာထွားကျိုင်း​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။

Ver Capítulo Copiar

Common Language Bible

21 သူ​သည်​လှံ​ကို​ကိုင်​ဆောင်​ထား​သူ​အလွန် ကြီး​မား​သော​အီ​ဂျစ်​အ​မျိုး​သား​တစ် ယောက်​ကို​လည်း​သတ်​ခဲ့​၏။ ဗေ​နာ​ယ​သည် ထို​သူ​ကို​တင်း​ပုတ်​ဖြင့်​တိုက်​ခိုက်​ကာ​သူ ၏​လက်​မှ​လှံ​ကို​လု​ယူ​လိုက်​၏။ ထို​နောက် ထို​လှံ​ဖြင့်​ပင်​သူ့​အား​သတ်​လိုက်​၏။-

Ver Capítulo Copiar

Garrad Bible

21 လှံ လက် နက် စွဲ ကိုင် သော စွမ်း ရည် ကောင်း သူ အိ ဂျစ် လူ မျိုး တစ် ယောက် ထံ တုတ် နှင့် သာ ချဉ်း ဝင်၍ ထို အိ ဂျစ် လူ မျိုး လက် မှ လှံ ကို လု ယူ ပြီး လျှင် ၎င်း လှံ ဖြင့် ထိုး သတ် လေ ၏။

Ver Capítulo Copiar

Judson Bible

21 ထူး​ခြား​သော​အဲ​ဂု​တ္တု​လူ​ကို​လည်း သတ်၏။ အဲ​ဂု​တ္တု​လူ​သည် လှံ​ကို​ကိုင်​သော်​လည်း၊ ဗေ​နာ​ယ​သည် တောင်​ဝှေး​ကို​သာ​ကိုင်​လျက်​သွား၍ အဲ​ဂု​တ္တု​လူ​လက်​မှ လှံ​ကို​လု​ယူ​ပြီး​လျှင်၊ ထို​လှံ​နှင့် သူ့​ကို​သတ်၏။

Ver Capítulo Copiar




၂ ရာ 23:21
5 Referencias Cruzadas  

ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။


ယောယဒ​၏​သား ဗေနာယ​သည် ထိုသို့​ပြု​ခဲ့​သောကြောင့် သူရဲကောင်း​သုံး​ဦး​ကဲ့သို့ပင် သူ​လည်း နာမည်​ကျော်စော​၏​။


သူ​သည် အရပ်​ငါး​တောင်​ရှိ​သော​အီဂျစ်​အမျိုးသား​တစ်​ယောက်​ကို​လည်း သတ်​ခဲ့​၏​။ ရက်ကန်းလိပ်တုံး​တမျှ​ကြီး​သော​လှံ​ကို​ကိုင်​ထား​သော ထို​အီဂျစ်​အမျိုးသား​အား သူ​သည် ကြိမ်လုံး​ဖြင့်​သာ သွား​၍​တိုက်ခိုက်​၏​။ အီဂျစ်​အမျိုးသား​၏​လက်​မှ လှံ​ကို​လုယူ​၍ ထို​လှံ​ဖြင့်​ပင် ထို​သူ​ကို ထိုးသတ်​လေ​၏​။


အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။


ဒါဝိဒ်​သည် ပြေးသွား​၍ ဖိလိတ္တိ​ပြည်သား​ကို ဖိနင်း​ထား​၏​။ ထို​သူ​၏​ဓား​ကို​လည်း ဓားအိမ်​မှ​ဆွဲထုတ်​ယူ​ပြီးလျှင် ထို​ဓား​ဖြင့် သူ့​ကို သတ်​ကာ ဦးခေါင်း​ကို ဖြတ်​လေ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မိမိ​တို့​၏​လူစွမ်းကောင်း ကျဆုံး​သည်​ကို​မြင်​လျှင် ထွက်ပြေး​ကြ​လေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos