၂ ရာ 23:17 - မြန်မာ့စံမီသမ္မာကျမ်း17 “အို ထာဝရဘုရား၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော”ဟု ဆိုလျက် ထိုရေကိုမသောက်ဘဲနေလေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။ Ver CapítuloCommon Language Bible17 ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်အဘယ် နည်းနှင့်မျှဤရေကိုမသောက်နိုင်ပါ။ အသက် စွန့်၍ရေခပ်ကြသူတို့၏သွေးကိုသောက် သည်နှင့်တူပါလိမ့်မည်'' ဟုလျှောက်၏။ ဤကားနာမည်ကျော်သူရဲကောင်းသုံးဦး တို့၏စွန့်စားခန်းများပင်တည်း။ Ver CapítuloJudson Bible17 အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ်အသက်ကိုမနှမြောဘဲ သွားသောသူတို့၏ အသွေး ဖြစ်ပါသည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။ Ver Capítulo |
“အို အကျွန်ုပ်၏ဘုရားသခင်၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော။ သူတို့သည် အသက်ကိုရင်း၍ ဤရေများကို ခပ်လာခဲ့သည်မဟုတ်လော”ဟု ဆိုလျက် ထိုရေကို မသောက်ဘဲ နေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။