Biblia Todo Logo
La Biblia Online
- Anuncios -




၂ ရာ 22:48 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 ဘုရားသခင်​သည် ငါ့​အတွက်​လက်တုံ့ပြန်​ပေး​၍ လူမျိုးတကာ​တို့​ကို ငါ့​လက်အောက်​သို့ ရောက်​စေ​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

48 ကိုယ်​တော်​သည်​ငါ့​အား​ရန်​သူ​များ​ကို​အောင် မြင်​ခွင့် ပေး​တော်​မူ​၏။ လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏​လက်​အောက်​သို့ ရောက်​စေ​တော်​မူ​လျက်၊

Ver Capítulo Copiar

Garrad Bible

48 ထို ဘု ရား သ ခင် ပင် ငါ့ အ တွက် လက် စား ချေ၍ လူ မျိုး တို့ ကို ငါ့ အောက် သို့ နှိမ့် ချ သည့် ပြင် ရန် သူ တို့ လက် မှ ငါ့ ကို ကယ် လွှတ် တော် မူ၏။

Ver Capítulo Copiar

Judson Bible

48 ငါ့​ဘက်၌ တ​ရား​သ​ဖြင့်​စီ​ရင်၍၊ လူ​စု​တို့​ကို ငါ့​အောက်​မှာ နှိမ့်​ချ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

Ver Capítulo Copiar




၂ ရာ 22:48
11 Referencias Cruzadas  

ဇာဒုတ်​၏​သား​အဟိမတ်​က “​ယခု အကျွန်ုပ်​ပြေး​၍ ရှင်ဘုရင်​အား ထာဝရဘုရား​သည် သူ့​ကို ရန်သူ​တို့​လက်​မှ ကယ်တင်​တော်မူ​ပြီ​ဟူသော​သတင်း​ကို လျှောက်တင်​ပါရစေ​”​ဟု ဆို​လျှင်


ထို့နောက် ကုရှိ​အမျိုးသား​သည်​ရောက်လာ​ပြီး “​အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ သတင်းကောင်း​ကို လျှောက်တင်​ပါရစေ​။ ယနေ့ ထာဝရဘုရား​သည် အရှင်မင်းကြီး​အား ဆန့်ကျင်​တိုက်ခိုက်​နေ​သော​သူ​အပေါင်း​တို့​ကို ရှုံး​စေ​တော်မူ​ပြီ​”​ဟု လျှောက်တင်​လေ​၏​။


ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို ဟေဗြုန်​မြို့​ရှိ ဒါဝိဒ်​မင်းကြီး​ထံသို့​ယူလာ​ပြီး ရှင်ဘုရင်​အား “​အရှင်​၏​အသက်​ကို​ရန်ရှာ​သော အရှင့်​ရန်သူ​ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​မင်းကြီး​၏​ဦးခေါင်း​ကို​ကြည့်​ပါ​။ ယနေ့​တွင် ထာဝရဘုရား​သည် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​အား ရှောလု​မင်းကြီး​နှင့် သူ့​အမျိုးအနွယ်​ကို လက်တုံ့ပြန်​ခွင့်​ပေး​တော်မူ​ပြီ​”​ဟု လျှောက်တင်​ကြ​၏​။


ထာဝရဘုရား​သည် ငါ​၏​သခင်​အား “​သင်​၏​ရန်သူ​တို့​ကို သင်​၏​ခြေတင်ခုံ​အောက်​၌ ငါ​ချထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် ငါ​၏​မေတ္တာကရုဏာ​ရှင်​၊ ငါ​၏​ရဲတိုက်​၊ ငါ​၏​ခိုကိုး​ရာ​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​၊ ငါ​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ ငါ​သည် ကိုယ်တော်​ကို ခိုလှုံ​၏​။ ကိုယ်တော်​သည် ငါ​၏​လူမျိုး​ကို ငါ​အုပ်စိုး​ရ​သော​အခွင့်​ပေး​တော်မူ​၏​။


လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင် အို ထာဝရဘုရား​၊ လက်တုံ့ပြန်​တော်မူ​သော​ဘုရားသခင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။


အကြောင်းမူကား ရန်သူ​အပေါင်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​သည်​အထိ ကိုယ်တော်​သည်​အုပ်စိုး​ရ​မည်​ဖြစ်​၏။


လက်စားချေ​ခြင်း​၊ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏​။ သူ​တို့​သည် အချိန်တန်​လျှင် ခြေ​ချော်​လိမ့်မည်​။ သူ​တို့​၏​ဘေးဒုက္ခ​နေ့ရက်​သည်​နီး​ပြီ​။ သူ​တို့​ကြုံ​ရ​မည့်​အမှု​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်​။


ထာဝရဘုရား​သည် အရှင်မင်းကြီး​နှင့် အကျွန်ုပ်​ကြား​တွင် စီရင်​တော်မူ​ပါစေသော​။ ထာဝရဘုရား​သည် အကျွန်ုပ်​အဖို့ အရှင်မင်းကြီး​ကို လက်တုံ့ပြန်​ပေး​တော်မူ​ပါစေသော​။ အကျွန်ုပ်​မူကား အရှင်မင်းကြီး​ကို ဆန့်ကျင်​တိုက်ခိုက်​မည်​မ​ဟုတ်​ပါ​။


ထာဝရဘုရား​သည် အကျွန်ုပ်​သခင့်​အဖို့ မိန့်​တော်မူ​ခဲ့​သော​ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​သည် အမှန်​ဖြစ်လာ​ပါစေသော​။ သခင့်​အား အစ္စရေး​လူမျိုး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​တော်မူ​ပါစေသော​။


နာဗလ သေ​ကြောင်း ဒါဝိဒ်​ကြား​သောအခါ “​နာဗလ​ကြောင့် ခံရ​သော​စော်ကား​ခြင်း​အမှု​မှ ကာကွယ်​ပေး​၍ ကိုယ်တော်​၏​အစေအပါး​ကို အပြစ်​မ​ပြု​မိ​စေရန် ဆီးတား​ပေး​တော်မူ​သော ထာဝရဘုရား​ကို ချီးမွမ်း​ပါ​၏​။ ထာဝရဘုရား​သည် နာဗလ​ပြု​ခဲ့​သော​မကောင်းမှု​ကို သူ့​ခေါင်း​ပေါ်သို့ ပြန်ရောက်​စေ​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​သည် အဘိဂဲလ​ကို မယား​အဖြစ်​ယူ​ရန် လူ​လွှတ်​၍ တောင်းဆို​စေ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos