၂ ရာ 21:7 - မြန်မာ့စံမီသမ္မာကျမ်း7 သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။ Ver CapítuloCommon Language Bible7 ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊- Ver CapítuloGarrad Bible7 ဒါ ဝိဒ် မင်း သည် ရှော လု မင်း သား တော် ယော န သန် နှင့် ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သစ္စာ မိတ် ဖွဲ့ သည် ကို ထောက် သ ဖြင့်၊ ရှော လု မင်း သား တော် ယော န သန် ရ သော မေ ဖိ ဗော ရှက် အား ညှာ တာ၍ Ver CapítuloJudson Bible7 သို့သော်လည်း ဒါဝိဒ်နှင့်ရှောလု၏သားယောနသန်တို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ယောက်နှင့်တစ်ယောက် သစ္စာကတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သော မေဖိဗောရှက်ကို နှမြောတော်မူ၏။ Ver Capítulo |
ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။
ထို့နောက် ယောနသန်က ဒါဝိဒ်အား “အေးအေးဆေးဆေးသွားပါတော့။ ‘ထာဝရဘုရားသည် ငါနှင့်သင့်ကြား၊ ငါ့သားစဉ်မြေးဆက်နှင့် သင့်သားစဉ်မြေးဆက်တို့ကြားတွင် သက်သေအစဉ်ဖြစ်ပါစေ’ဟူ၍ ထိုထာဝရဘုရား၏နာမတော်၌ ငါတို့နှစ်ယောက် ကျိန်ဆိုထားပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်ထွက်သွား၍ ယောနသန်လည်း မြို့ထဲသို့ ပြန်သွားလေ၏။