၂ ရာ 20:8 - မြန်မာ့စံမီသမ္မာကျမ်း8 သူတို့သည် ဂိဗောင်မြို့ရှိ ကျောက်တုံးကြီးနားသို့ ရောက်သောအခါ အာမသသည် သူတို့ကို လာရောက်တွေ့ဆုံ၏။ ယွာဘသည် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ ခါးပန်းလည်း စည်းထား၏။ ဓားကိုလည်း ဓားအိမ်ထဲထည့်၍ ခါးပန်းကြိုးတွင် ချိတ်ထားရာ ရှေ့သို့လှမ်းသွားစဉ်တွင် လျှောကျလာ၏။ Ver CapítuloCommon Language Bible8 ဂိဗောင်မြို့ရှိကျောက်တုံးကြီးသို့ရောက် သောအခါ သူတို့သည်အာမသနှင့်တွေ့ ဆုံမိကြ၏။ ယွာဘသည်စစ်ပွဲဝင်ရန် အဝတ်တန်ဆာများကိုဝတ်ဆင်ကာ ဋ္ဌား ကိုဋ္ဌားအိမ်တွင်ထည့်၍ခါးပတ်တွင်ချိတ် ထား၏။ သူသည်ရှေ့သို့တိုးလိုက်ရာဋ္ဌား အိမ်မှလျှောကျလာ၏။- Ver CapítuloGarrad Bible8 ဂိ ဗောင် မြို့ နယ် ကျောက် တော် သို့ ရောက်၍ အာ မ သ နှင့် တွေ့ ဆုံ ရာ ယွာ ဘ သည် ဆင် ယင် သော ချပ် ဝတ် တန် ဆာ ပေါ် တွင် အိမ် နှင့် တ ကွ ဓား တစ် စင်း ကို ခါး ၌ ညှပ် စည်း လျက် သွား စဉ် အိမ် မှ ဓား ကျွတ် ၍ ကျ ၏။ Ver CapítuloJudson Bible8 ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည် သူတို့ရှေ့သို့ ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သောအဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ဓားကိုအိမ်နှင့်တကွ ဆွဲလျက်ထား၏။ သွားစဉ်တွင် ဓားသည် လျှော၍ကျ၏။ Ver Capítulo |