၂ ရာ 2:23 - မြန်မာ့စံမီသမ္မာကျမ်း23 အာသဟေလသည် ပြန်မလှည့်ဘဲဆက်၍လိုက်နေသောကြောင့် အာဗနာသည် သူ့ကို လှံဖြင့် နောက်ပြန်ထိုးလိုက်ရာ လှံသည် ဝမ်းဗိုက်မှ နောက်ကျောအထိ ထုတ်ချင်းပေါက်သွားပြီး သူသည် ထိုနေရာတွင်ပင် လဲကျသေဆုံးသွားလေ၏။ အာသဟေလ လဲကျသေဆုံးသောနေရာသို့ ရောက်လာသူအားလုံးလည်း ရပ်တန့်သွားကြ၏။ Ver CapítuloCommon Language Bible23 သို့ရာတွင်အာသဟေလသည်လိုက်မြဲလိုက် သဖြင့် အာဗနာသည်မိမိလှံနှင့်နောက်ပြန်ထိုး လိုက်ရာ လှံသည်အာသဟေလ၏ဝမ်းကိုထုတ် ချင်းဖောက်လေ၏။ အာသဟေလသည်ထိုနေရာ ၌လဲကျသေဆုံးသွား၏။ သူလဲကျရာသို့ ရောက်ရှိလာသူအပေါင်းတို့သည် ရှေ့သို့ဆက် ၍မသွားတော့ဘဲထိုနေရာ၌ပင်ရပ်၍နေ ကြ၏။ Ver CapítuloGarrad Bible23 အာ သ ဟေ လ မ နာ မ ယူ ဘဲ အ မြဲ လိုက် သော ကြောင့် အာ ဗ နာ သည် လှံ အ နှောင့် နှင့် ဝမ်း ကို ထုတ် ချင်း ပေါက် ထိုး သ ဖြင့် လဲ ကျ ရာ တွင် အာ သ ဟေ လ သေ လေ၏။ အာ သ ဟေ လ လဲ သေ သော အ ရပ် သို့ ရောက် သ မျှ သူ တို့ ရပ် ဆိုင်း ကြ သော် လည်း Ver CapítuloJudson Bible23 အာသဟေလသည် နားမထောင်သောကြောင့်၊ အာဗနာသည် နောက်သို့လှံနှင့်ထိုးလျှင်၊ ဝမ်း၌လှံဖျားဝင်၍ ကျောကိုထုတ်ချင်းဖောက်သဖြင့်၊ အာသဟေလသည်လဲ၍ ထိုအရပ်၌သေ၏။ အာသဟေလ လဲ၍သေသော ထိုအရပ်သို့ ရောက်သောသူအပေါင်းတို့သည် ရပ်နေကြ၏။ Ver Capítulo |
တစ်ခါသော် ရှင်ဘုရင်နှင့် သူ့လူတို့သည် ပြည်သားရင်း ယေဗုသိလူမျိုးတို့နေထိုင်ရာ ဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ ထိုသူတို့က “ဒါဝိဒ်သည် ဤမြို့ထဲသို့ ဝင်နိုင်မည်မဟုတ်”ဟု ထင်မှတ်သောကြောင့် ဒါဝိဒ်မင်းကြီးအား “သင်သည် ဤပြည်ထဲသို့ မဝင်ရ။ မျက်မမြင်သူများ၊ ခြေမသန်သူများကပင် သင့်ကို နှင်ထုတ်ကြလိမ့်မည်”ဟု ဆိုကြ၏။