၂ ရာ 19:28 - မြန်မာ့စံမီသမ္မာကျမ်း28 အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။ Ver CapítuloCommon Language Bible28 အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။ Ver CapítuloGarrad Bible28 ကျွန် တော့် ဆွေ မျိုး သား ချင်း အ ပေါင်း တို့ သည် အ ရှင် မင်း မြတ် ရှေ့ တော်၌ လူ သေ သ ဖွယ် ဖြစ် ကြ လျက် ပင် စား ပွဲ တော် တွင် စား ရ သူ တို့ နှင့် အ တူ ကျွန် တော် မျိုး အား ခွင့် ပေး တော် မူ ပါ ပြီ။ သို့ ဖြစ်၍ ကျွန် တော် မျိုး သည် ဘုရင် မင်း မြတ် ထံ ထပ် မံ အ သ နား ခံ ရန် အ ခွင့် ကား မည် သို့ ပါ နည်း ဟု တင် လျှောက် သော် Ver CapítuloJudson Bible28 ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင်မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲတော်၌ စားသောသူတို့နှင့်အတူ ကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊ Ver Capítulo |
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။