၂ ရာ 17:8 - မြန်မာ့စံမီသမ္မာကျမ်း8 ထို့ပြင် ဟုရှဲက “အရှင့်ခမည်းတော်နှင့် သူ့အမှုထမ်းတို့သည် စစ်သူရဲများ ဖြစ်ကြသည်သာမက တောထဲ၌သားပျောက်သောဝံမကဲ့သို့ စိတ်နှလုံးခက်ထန်နေမည်ကို အရှင်သိပါ၏။ ထို့ပြင် အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်သည်နှင့်အညီ လူအများနှင့်အတူ ညအိပ်မည်မဟုတ်ပါ။ Ver CapítuloCommon Language Bible8 အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။- Ver CapítuloGarrad Bible8 ခ မည်း တော် နှင့် နောက် ပါ တို့ သည် စွမ်း ရည် ကောင်း သူ ဖြစ် လျက် တော၌ သား ငယ် ပျောက် ဆုံး သော ဝံ မ ကဲ့ သို့ ခက် ထန် သော စိတ် ရှိ ကြောင်း ကို ကိုယ် တော် သိ ပါ၏။ ခ မည်း တော် လည်း စစ် ရေး တတ် သူ ဖြစ်၍ တပ် သား တို့ နှင့် အ တူ စား ခန်း ချ မည် မ ဟုတ်။ Ver CapítuloJudson Bible8 ခမည်းတော်နှင့် သူ၏လူတို့သည် ခွန်အားကြီးသောသူဖြစ်ကြောင်းကိုလည်းကောင်း၊ ယခုမူကား တော၌ သားငယ်ပျောက်သော ဝံမကဲ့သို့ ပြင်းထန်သောစိတ်ရှိကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။ ခမည်းတော်သည်လည်း စစ်သူရဲဖြစ်၍ လူများတို့နှင့်အတူ မအိပ်တတ်။ Ver Capítulo |