၂ ရာ 17:23 - မြန်မာ့စံမီသမ္မာကျမ်း23 အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။ Ver CapítuloCommon Language Bible23 အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ Ver CapítuloGarrad Bible23 အ ဟိ သော ဖေ လ သည် ကိုယ် ပေး သော အ ကြံ သို့ မ လိုက် ကြ သည် ကို သိ မြင် သ ဖြင့်၊ မြည်း ကို က တင် ပြီး လျှင် နေ ရင်း မြို့ ရောက် စီး သွား၍ အိမ် မှု ရေး ရာ ကို စီ မံ ပြီး မှ ဆွဲ ကြိုး ချ လျက် သေ လွန် ရာ အ ဘ သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ လေ ၏။ Ver CapítuloJudson Bible23 အဟိသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင် ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုးတပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။ Ver Capítulo |