၂ ရာ 17:20 - မြန်မာ့စံမီသမ္မာကျမ်း20 အဗရှလုံ၏လူတို့က ထိုမိန်းမ၏အိမ်သို့ရောက်လာပြီး “အဟိမတ်နှင့် ယောနသန်ကား အဘယ်မှာနည်း”ဟု မေးလျှင် ထိုမိန်းမက “ချောင်းကို ကူးသွားကြပြီ”ဟု ပြန်ပြော၏။ သူတို့ လိုက်ရှာသော်လည်း မတွေ့သဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ Ver CapítuloCommon Language Bible20 အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။ အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။ အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။- Ver CapítuloGarrad Bible20 အ ဗ ရှ လုံ၏ အ မှု ထမ်း တို့ သည် ထို အိမ် သို့ ထပ် ရောက် လျက် အ ဟိ မတ် နှင့် ယော န သန် တို့ အ ဘယ် မှာ နည်း ဟု အိမ် ရှင် မ အား မေး လျှင် ချောင်း တစ် ဖက် သို့ ကူး သွား ကြ ပြီ ဟု ပြန် ပြော သည် နှင့် ရှာ ဖွေ မ တွေ့ သော ကြောင့် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား ကြ လေ၏။ Ver CapítuloJudson Bible20 အဗရှလုံ၏ ကျွန်တို့သည် ထိုအိမ်သို့ရောက်၍ အဟိမတ်နှင့် ယောနသန်တို့သည် အဘယ်မှာရှိသနည်းဟု မိန်းမအားမေးလျှင်၊ မိန်းမက၊ ချောင်းတစ်ဖက်သို့ ကူးကြပြီဟုပြောသဖြင့် သူတို့သည် ရှာ၍မတွေ့သောအခါ ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။ Ver Capítulo |