၂ ရာ 17:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။ Ver CapítuloCommon Language Bible14 အဗရှလုံနှင့်ဣသရေလအမျိုးသား အပေါင်းတို့က``ဟုရှဲ၏အကြံသည်အဟိ သောဖေလ၏အကြံထက်ကောင်း၏'' ဟု ဆိုကြ၏။ အဗရှလုံ၌ဘေးရောက်စေခြင်း ငှာ ထာဝရဘုရားသည်အဟိသောဖေလ ပေးသောအကြံကောင်းကိုပျက်စေရန် စီရင်တော်မူသတည်း။ Ver CapítuloGarrad Bible14 အ ဗ ရှ လုံ၌ ဘေး ရောက် စေ ခြင်း ငှါ အ ဟိ သော ဖေ လ ပေး သော အ ကြံ ကောင်း ကို ပျက် စေ ရန် ထာ ဝ ရ ဘုရား ပြ ဌာန်း တော် မူ ပြီး ဖြစ် သည့် အ တိုင်း အ ဗ ရှ လုံ နှင့် ဣ သ ရေ လ ရဲ မက် တို့ က အာ ခိ လူ မျိုး ဟု ရှဲ ပေး သော အ ကြံ သည် အ ဟိ သော ဖေ လ ပေး သော အ ကြံ ထက် ကောင်း မြတ် လှ သည် ဟု ဝန် ခံ ကြ ကုန် ၏။ Ver CapítuloJudson Bible14 အဗရှလုံနှင့် ဣသရေလ အမျိုးသားအပေါင်းတို့က၊ အာခိလူဟုရှဲပေးသော အကြံသည် အဟိသောဖေလပေးသော အကြံထက် သာ၍ကောင်းသည်ဟု ပြောဆိုကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် အဗရှလုံ၌ ဘေးရောက်စေခြင်းငှာ၊ အဟိသောဖေလပေးသော အကြံကောင်းကို ဖျက်စေမည်အကြောင်း စီရင်တော်မူ၏။ Ver Capítulo |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။