၂ ရာ 16:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible12 ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။- Ver CapítuloGarrad Bible12 ထာ ဝ ရ ဘု ရား သည် ငါ့ ဒု က္ခ ကို ထောက် ရှု၍ ယ နေ့ ခံ ရ သော ဆဲ ဆို ခြင်း အ မင်္ဂ လာ အ စား ကောင်း သော မင်္ဂ လာ ကို ပေး ကောင်း ပေး တော် မူ လိမ့် မည် ဟု အ ဘိ ရှဲ နှင့် ကျေး ကျွန် သင်း ပင်း တို့ အား မိန့် ဆို လေ ၏။ Ver CapítuloJudson Bible12 ထာဝရဘုရားသည် ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲသည်အတွက် ကောင်းသောအကျိုးကို ပြန်ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍လည်းကောင်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။ Ver Capítulo |
ရာဗရှာခ၏သခင်အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားအလုံးစုံကို သင်၏ဘုရားသခင်ထာဝရဘုရားကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။