၂ ရာ 16:10 - မြန်မာ့စံမီသမ္မာကျမ်း10 သို့သော် ရှင်ဘုရင်က “ဇေရုယာသားတို့၊ သင်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ ထာဝရဘုရားက သူ့အား ‘ဒါဝိဒ်ကို ကျိန်ဆဲလော့’ဟု အခွင့်ပြုလျှင် သူကျိန်ဆဲသည်ကို ‘သင် အဘယ်ကြောင့် ကျိန်ဆဲသနည်း’ဟု သူ့ကို မည်သူပြောခွင့်ရှိမည်နည်း”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible10 မင်းကြီးကအဘိရှဲနှင့်သူ၏အစ်ကိုယွာဘ အား``ဤအမှုသည်သင်တို့နှင့်မသက်ဆိုင်။ ထာဝရဘုရားစေခိုင်းတော်မူသဖြင့် သူ သည်ကျိန်ဆဲခဲ့သော်သူ့အား`သင်သည် အဘယ်ကြောင့်ဤသို့ပြုဘိသနည်း' ဟု အဘယ်သူမေးမြန်းမည်နည်း'' ဟုဆို၏။- Ver CapítuloGarrad Bible10 အို ဇေ ရု ယာ့ သား တို့၊ သင် တို့ သည် ငါ နှင့် မည် သို့ ဆိုင် သ နည်း။ ဆဲ ပါ လေ စေ။ ဒါ ဝိဒ် ကို ဆဲ လော့ ဟု ထာ ဝ ရ ဘု ရား ခွင့် ပြု သည် မှန် က အ ဘယ် ကြောင့် ဆဲ သ နည်း ဟူ၍ ဆို ဝံ့ သူ ကား မည် သူ နည်း ဟု မိန့် ဆို ပြီး လျှင် ဆင် ခြင် ဦး လော့။ Ver CapítuloJudson Bible10 ရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ထိုသူသည် ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရား မှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု အဘယ်သူဆိုရမည်နည်း ဟူ၍လည်းကောင်း၊ Ver Capítulo |
ယခု ဇေရုယာ၏သားယွာဘသည် ငါ့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း၊ အစ္စရေးစစ်သူကြီးနှစ်ဦးဖြစ်သော နေရ၏သားအာဗနာနှင့် ယေသာ၏သားအာမသတို့အား မည်သို့ပြုခဲ့သည်ကိုလည်းကောင်း သင်သိ၏။ သူသည် တိုင်းပြည်အေးချမ်းချိန်တွင်ပင် ထိုသူတို့ကို တိုက်ခိုက်သတ်ဖြတ်ပြီး သူ့ခါးမှခါးဝတ်တန်ဆာ၊ သူ့ခြေမှခြေနင်းတို့ကို စစ်သွေးစွန်းစေခဲ့၏။
အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သခင့်အစေအပါး၏စကားကို ယခု နားထောင်ပါလော့။ အကယ်၍ အကျွန်ုပ်ကို တိုက်ခိုက်ရန် အရှင်မင်းကြီးကို ထာဝရဘုရား နှိုးဆော်သည်မှန်လျှင် ဘောဇဉ်ပူဇော်သက္ကာကို လက်ခံတော်မူပါစေသော။ ထိုသို့မဟုတ်ဘဲ လူတို့၏နှိုးဆော်ခြင်းဖြစ်လျှင် သူတို့သည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေသော။ အကြောင်းမူကား သူတို့က ‘အခြားဘုရားအများကို သွားဝတ်ပြုပါ’ဟု ဆိုပြီး အကျွန်ုပ်ကို ထာဝရဘုရား၏အမွေစားအမွေခံအဖြစ်မှ နှင်ထုတ်ကြပါပြီ။