၂ ရာ 15:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုအခါ အိတ္တဲက ရှင်ဘုရင်အား “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အကျွန်ုပ်၏သခင် အရှင်မင်းကြီးလည်း အသက်ရှင်တော်မူသည်နှင့်အညီ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အကျွန်ုပ်၏သခင် အရှင်မင်းကြီးရှိတော်မူရာအရပ်၌ ကျွန်တော်မျိုး ရှိပါမည်”ဟု ပြန်လျှောက်၏။ Ver CapítuloCommon Language Bible21 သို့ရာတွင်အိတ္တဲက``အရှင်မင်းကြီး၊ အကျွန်ုပ် သည်သေရမည်ဆိုသော်လည်း အရှင်မင်းကြီး သွားလေရာရာသို့အစဉ်လိုက်မည်ဖြစ်ကြောင်း ထာဝရဘုရား၏နာမတော်ကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြန်လည်လျှောက်ထား၏။ Ver CapítuloGarrad Bible21 အိ တ္တဲ က၊ ထာ ဝ ရ ဘု ရား နှင့် အ ရှင် မင်း မြတ် အ သက် ရှင် တော် မူ သည့် အ တိုင်း သေ ရ သည် ဖြစ် စေ၊ ရှင် ရ သည် ဖြစ် စေ၊ အ ရှင် မင်း မြတ် စံ နေ တော် မူ ရာ အ ရပ် တွင် ကျွန် တော် မျိုး လည်း ရှိ နေ ပါ ရ မည် ဟု တင် လျှောက် သော် Ver CapítuloJudson Bible21 အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင်မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါလိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊ Ver Capítulo |
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
တစ်ဖန် ဧလိယက “ဧလိရှဲ၊ ယခု ဤမြို့၌ နေခဲ့ပါတော့။ ထာဝရဘုရားက ငါ့ကို ဂျေရိခေါမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆို၏။ ဧလိရှဲကလည်း “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဂျေရိခေါမြို့သို့ သွားကြ၏။
တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။