၂ ရာ 15:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဒါဝိဒ်မင်းကြီးကလည်း ဂျေရုဆလင်မြို့ရှိ မိမိထံခစားသောမင်းမှုထမ်းအပေါင်းတို့အား “ထကြ။ ယခု ငါတို့ ထွက်ပြေးကြရမည်။ မဟုတ်လျှင် အဗရှလုံလက်မှ လွတ်မည်မဟုတ်။ ငါတို့ အလျင်အမြန်ထွက်သွားရမည်။ မဟုတ်လျှင် သူသည် ငါတို့ကိုလိုက်မီ၍ အန္တရာယ်ပြုလိမ့်မည်။ မြို့သားတို့ကိုလည်း ဓားနှင့်သတ်လိမ့်မည်”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible14 ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။ Ver CapítuloGarrad Bible14 ဒါ ဝိဒ် မင်း က ထွက် ပြေး ကြ ကုန် အံ့။ မ ပြေး လျှင် အ ဗ ရှ လုံ့ လက် တွင်း မှ တစ် ယောက် မျှ ကင်း လွတ် မည် မ ဟုတ်။ သား တော် သည် ရှောင် တ ခင် တိုက် လာ သ ဖြင့် ငါ တို့ မှ စ၍ မြို့ သူ မြို့ သား တို့ ပါ ဓား ဘေး မ သင့် ရောက် စေ ရန် အ ဆော တ လျင် ထွက် ပြေး ကြ လော့ ဟု ယေ ရု ရှ လင် မြို့ တွင် အ ပါး တော် ထမ်း ကျေး ကျွန် သင်း ပင်း တို့ အား မိန့် ဆို ရာ Ver CapítuloJudson Bible14 ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ချင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ဓားနှင့်လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။ Ver Capítulo |