၂ ရာ 14:19 - မြန်မာ့စံမီသမ္မာကျမ်း
19 ရှင်ဘုရင်က “ဤအရာအလုံးစုံကား ယွာဘ၏လက်ချက်မဟုတ်လော”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အရှင်မင်းကြီးမိန့်တော်မူသောစကားသည် လက်ဝဲလက်ယာတိမ်းစောင်းခြင်းမရှိ မှန်ကန်ပါ၏။ စင်စစ် အရှင့်အမှုထမ်းယွာဘက အရှင့်ကျွန်မအား ဤစကားအလုံးစုံကိုပြောကြားရန် သင်ပေးပါ၏။
Ver Capítulo Copiar
19 မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
Ver Capítulo Copiar
19 လျှောက် ထား သ မျှ သည် ယွာ ဘ အ ကြံ မ ဟုတ် လော ဟု ဘု ရင် မင်း မေး ရာ မိန်း မ က၊ အို အ ရှင် မင်း မြတ်၊ ကိုယ် တော် အ သက် ရှင် တော် မူ သည့် အ တိုင်း အ ရှင် မင်း မြတ်၏ ထင် မြင် ချက် ကို ဝဲ ယာ သို့ ရှောင် ထွက် နိုင် သူ မ ရှိ ချေ။ ကိုယ် တော့် ကျွန် ယွာ ဘ သည် ကျွန် တော် မျိုး မ အား မိန့် မှာ လျက် လျှောက် ထား ရန် ရှိ သ မျှ ကို နှုတ် ပေး သွန် သင် ပါ၏။
Ver Capítulo Copiar
19 ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အား အကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမက အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော်မကိုမှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။
Ver Capítulo Copiar