Biblia Todo Logo
La Biblia Online
- Anuncios -




၂ ရာ 13:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တာမာ​သည် ခေါင်း​ပေါ်မှာ​ပြာ​ကို​တင်​လျက် မိမိ​ဝတ်​ထား​သော​ရောင်စုံသင်တိုင်း​ကို ဆွဲဆုတ်​ပစ်​လေ​၏​။ ထို့နောက် ခေါင်း​ပေါ်မှာ​လက်​ကို​တင်​ကာ အော်ဟစ်​ငိုကြွေး​လျက် ပြန်သွား​လေ​၏​။

Ver Capítulo Copiar

Common Language Bible

19 သူ​သည်​မိ​မိ​၏​ဦး​ခေါင်း​ကို​ပြာ​လူး​၍​ဝတ် လုံ​ကို​လည်း​ဆုတ်​ဖြဲ​ကာ မျက်​နှာ​ကို​လက်​ဖြင့် အုပ်​၍​ငို​ယို​လျက်​ထွက်​ခွာ​သွား​လေ​သည်။-

Ver Capítulo Copiar

Garrad Bible

19 တာ မာ သည် ရှည် လျား သော အ ဆင် တန် ဆာ ကို ဆုတ် ခြင်း၊ ဦး ခေါင်း ပေါ် တွင် ပြာ တင် ခြင်း များ ကို ပြု ပြီး လျှင် ထိပ် ထက် လက် တင်၍ အော် ဟစ် ငို ကြွေး လျက် ပြန် သွား လေ ၏။

Ver Capítulo Copiar

Judson Bible

19 တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။

Ver Capítulo Copiar




၂ ရာ 13:19
10 Referencias Cruzadas  

ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင်


ထိုအခါ ဒါဝိဒ်​သည် မိမိ​ဝတ်​ထား​သော​အဝတ်​ကို ဆွဲ​ဆုတ်​ပစ်​၏​။ သူ့​နောက်လိုက်​အပေါင်း​တို့​သည်​လည်း ထိုနည်းတူ ပြု​ကြ​ပြီးလျှင်


သုံး​ရက်​မြောက်​သော​နေ့​တွင် ရှောလု​မင်းကြီး​၏​တပ်စခန်း​မှ လူ​တစ်ဦး​သည် အဝတ်​ကို​ဆုတ်​လျက်​၊ ခေါင်း​ပေါ်​မြေမှုန့်​တင်​လျက် ဒါဝိဒ်​ထံ ရောက်လာ​၍ မြေ​ပေါ်တွင်​ပျပ်ဝပ်​ရှိခိုး​လေ​၏​။


သူ့​အစ်ကို အဗရှလုံ​က သူ့​အား “​သင့်​အစ်ကို အာမနုန်​က သင့်​ကို​အဓမ္မပြု​လိုက်​ပြီ​လော​။ ငါ့​နှမ​၊ ယခု ဆိတ်ဆိတ်​နေ​လော့​။ သူ​သည် သင့်​အစ်ကို ဖြစ်​သည့်​အတွက် ဤ​ကိစ္စ​ကို သင့်​စိတ်​ထဲ​မ​ထား​ပါ​နှင့်​”​ဟု နှစ်သိမ့်​၏​။ တာမာ​က​လည်း သူ့​အစ်ကို အဗရှလုံ​၏​နန်းဆောင်​တွင် ဆိတ်ဆိတ်​နေ​လေ​၏​။


ထို​အကြောင်းအရာ​အလုံးစုံ​ကို မော်ဒကဲ ကြားသိ​သောအခါ မိမိ​အဝတ်​တို့​ကို​ဆုတ်ဖြဲ​၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီးလျှင် ပြာ​၌​လူး​လေ​၏​။ ထို့နောက် မြို့​လယ်ခေါင်​သို့​သွား​ကာ ကျယ်လောင်​စွာ ခါးခါးသီးသီး အော်ဟစ်​ငိုကြွေး​လေ​၏​။


သူ​တို့​သည် အဝေး​မှ​လှမ်းကြည့်​၍ ယောဘ​ကို​မ​မှတ်မိ​သောအခါ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ မိမိ​တို့​ဝတ်လုံ​ကို​ဆုတ်​၍ မြေမှုန့်​ကို​လည်း မိုး​ပေါ်​ပစ်တင်​ကာ ခေါင်း​ပေါ်သို့​ကျ​စေ​ကြ​၏​။


ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။


သင်​သည် မိမိ​ခေါင်း​ပေါ်၌ လက်​ကို​တင်​လျက် ထို​ပြည်​မှ​ထွက်သွား​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် သင်​ကိုးစားသောသူ​တို့​ကို ပယ်​တော်မူ​ပြီ​ဖြစ်၍ သင်​သည် သူ​တို့​အားဖြင့် ကောင်းစား​လိမ့်မည်​မ​ဟုတ်​။


ထိုအခါ ယောရှု​သည် မိမိ​အဝတ်​ကို​ဆုတ်​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​နှင့်တကွ နေဝင်ချိန်​တိုင်အောင် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​၊ မြေ​ပေါ်မှာ​ပျပ်ဝပ်​လျက်​၊ ခေါင်း​ပေါ်၌ မြေမှုန့်​ကို​တင်​လျက်​နေ​ကြ​၏​။


ထို​နေ့​တွင်ပင် ဗင်္ယာမိန်​အမျိုးသား​တစ်​ဦး​သည် မိမိ​အဝတ်​ကို​ဆုတ်​လျက်​၊ မိမိ​ခေါင်း​ပေါ်တွင်​မြေမှုန့်​ကို တင်​လျက် စစ်မြေပြင်​မှ ရှိလော​မြို့​သို့ အပြေးအလွှား​ရောက်လာ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos