၂ ရာ 11:21 - မြန်မာ့စံမီသမ္မာကျမ်း21 ယေရုဗေရှက်၏သား အဘိမလက်ကို မည်သူသတ်သနည်း။ သေဗက်မြို့တွင် မိန်းမတစ်ယောက်မြို့ရိုးပေါ်မှနေ၍ကြိတ်ဆုံကျောက်ကို ပစ်ချသဖြင့် သူသေခဲ့သည်မဟုတ်လော။ သင်တို့ အဘယ်ကြောင့် မြို့ရိုးနားသို့ ကပ်သွားရသနည်း’ဟု ဆိုလျှင် ‘အရှင့်အစေအပါး ဟိတ္တိလူမျိုး ဥရိယလည်း ကျဆုံးပြီ’ဟူ၍ လျှောက်တင်လော့”ဟု ညွှန်ကြားလိုက်၏။ Ver CapítuloCommon Language Bible21 ဂိဒေါင်၏သားအဘိမလက်သည်အဘယ်သို့ သေရသည်ကိုသင်တို့မမှတ်မိကြသလော။ သေဗက်မြို့တွင်အမျိုးသမီးတစ်ယောက်သည် မြို့ရိုးပေါ်မှကျိတ်ဆုံကျောက်ကိုပစ်ချလိုက် သဖြင့်သူသေခဲ့ရ၏။ သို့ဖြစ်၍သင်တို့သည် အဘယ်ကြောင့်မြို့ရိုးအနီးသို့ချဉ်းကပ်ကြ သနည်း' ဟုမေးတော်မူလိမ့်မည်။ ထိုသို့မင်း ကြီးမေးခဲ့သော်`အရှင့်တပ်မှူးဥရိယသည် လည်းကျဆုံးသွားပါ၏' ဟုပြန်လည်လျှောက် ထားလော့'' ဟုမှာကြားလိုက်လေသည်။ Ver CapítuloGarrad Bible21 ယေ ရု ဗ္ဗေ ရှက် သား အ ဘိ မ လက် ကို လုပ် ကြံ သူ ကား မည် သူ နည်း။ မိန်း မ တစ် ယောက် သည် ကျောက် ကျည် ပွေ့ နှင့် မြို့ ရိုး ပေါ် မှ ပစ် ချ သ ဖြင့် သေ ဗက် မြို့ ပြင် တွင် သေ ရ သည် မ ဟုတ် လော။ မြို့ ရိုး အ နီး သို့ အ ဘယ် ကြောင့် ချဉ်း ကပ် ကြ သ နည်း ဟု အ မျက် ထွက်၍ မိန့် တော် မူ လျှင် သင် က၊ ကိုယ် တော့် ကျွန် ဟိ တ္တိ လူ မျိုး ဥရိ ယ သေ ပါ ပြီ ဟူ၍ တင် လျှောက် လော့ ဟု မှာ လိုက် သည့် အ တိုင်း Ver CapítuloJudson Bible21 ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတစ်ယောက်သည် ကြိတ်ဆုံကျောက်တစ်ဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမလက်သေသည် မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ကျွန် ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရမည်ဟု မှာထား၍ စေလွှတ်လေ၏။ Ver Capítulo |