၂ ရာ 1:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။ Ver CapítuloCommon Language Bible16 ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။ Ver CapítuloGarrad Bible16 ဒါ ဝိဒ် က လည်း၊ ထာ ဝ ရ ဘု ရား၏ ဘိ သိက် တော် ခံ မင်း ကို ကျွန် တော် သတ် ပါ သည် ဟူ၍ နှုတ် ဖြင့် ဝန် ခံ သည် နှင့် အ ညီ ချင့် အ သွေး သည် ချင့် ဦး ထိပ် ထက် တည် စေ ဟု ဆို လေ ၏။ Ver CapítuloJudson Bible16 ဒါဝိဒ်ကလည်း၊ သင်၏အသွေးသည် သင့်ခေါင်းပေါ်မှာ တည်စေ။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကို ကျွန်တော်သတ်ပါပြီဟု သင့်နှုတ်သည် သင့်ဘက်၌ သက်သေခံလေပြီဟု ဆို၏။ Ver Capítulo |
ရှောလုမင်းကြီး၏အရိုက်အရာကို လုယူ၍နန်းစံပြီး ရှောလုမင်းကြီး၏အိမ်သူအိမ်သားအား သတ်သောအပြစ်ကို ထာဝရဘုရားသည် သင့်အား ပြန်ပေးဆပ်စေပြီ။ နိုင်ငံတော်ကိုလည်း သင့်သားအဗရှလုံလက်သို့ ထာဝရဘုရားအပ်တော်မူပြီ။ သင်သည် လူသတ်သမားဖြစ်သောကြောင့် သင်ပြုသောမကောင်းမှုကို သင်ပြန်ခံရတော့မည်”ဟု ကျိန်ဆဲလေ၏။
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။