Biblia Todo Logo
La Biblia Online
- Anuncios -




၂ ပေ 3:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့သော် ချစ်​ရ​သော​သူ​တို့၊ ထာဝရ​ဘုရား​အတွက် နေ့ရက်​တစ်​ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် နေ့ရက်​တစ်​ရက်​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​ဟူသော​အချက်​တစ်​ခု​ကို မ​မေ့လျော့​ကြ​နှင့်။

Ver Capítulo Copiar

Common Language Bible

8 သို့​ရာ​တွင်​ငါ​၏​ချစ်​ဆွေ​တို့၊ ထာ​ဝ​ရ​ဘု​ရား ၏​အ​ဖို့​တစ်​ရက်​သည်​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း ကောင်း၊ နှစ်​တစ်​ထောင်​သည်​တစ်​ရက်​ကဲ့​သို့​လည်း ကောင်း​ဖြစ်​သည်​ကို​မ​မေ့​လျော့​ကြ​နှင့်။-

Ver Capítulo Copiar

Garrad Bible

8 ချစ် သူ တို့၊ ထာ ဝ ရ ဘု ရား ရှေ့ တစ် ရက် သည် နှစ် ပေါင်း တစ် ထောင် ကဲ့ သို့ လည်း ကောင်း၊ နှစ် ပေါင်း တစ် ထောင် သည် တစ် ရက် ကဲ့ သို့ လည်း ကောင်း ဖြစ် သည် ဟူ သော တစ် ချက် တည်း ကို မ မေ့ ကြ နှင့်။

Ver Capítulo Copiar

Judson Bible

8 ချစ်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​မှာ ကာ​လ​တစ်​ရက်​သည်၊ အ​နှစ်​တစ်​ထောင်​ကဲ့​သို့​လည်း​ကောင်း၊ အ​နှစ်​တစ်​ထောင်​သည် တစ်​ရက်​ကဲ့​သို့ လည်း​ကောင်း​ဖြစ်​သည် အ​ရာ​တစ်​ခု​ကို မ​မေ့​လျော့​ကြ​နှင့်။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ချစ်ရသော​သူတို့… ဤ​အချက်​ကို မမေ့နှင့်။ ထာဝရဘုရား​အတွက် တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​ဖြစ်၏။ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​ဖြစ်၏။

Ver Capítulo Copiar




၂ ပေ 3:8
5 Referencias Cruzadas  

အကြောင်းမူကား ကိုယ်တော်​၏​ရှေ့မှောက်​တွင် အနှစ်​တစ်ထောင်​သည် ကုန်လွန်​ပြီး​သော ယမန်နေ့​ကဲ့သို့​လည်းကောင်း​၊ ညဥ့်ယံ​တစ်​ယံ​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။


ညီအစ်ကို​တို့၊ သင်​တို့​သည် မိမိ​တို့​ကိုယ်​ကို​ပညာ​သတိ​ရှိ​သော​သူ​ဟူ၍​မ​ထင်မှတ်​ကြ​စေရန် ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့ဝှက်​နက်နဲ​သော​အရာ​ဟူမူကား အစ္စရေး​လူမျိုး​၌ မာကျော​ခက်ထန်​သူ​အချို့​ရှိ​ခြင်း​မှာ လူမျိုးခြား​တို့​စုံလင်​စွာ​ဝင်ရောက်​သည်​အထိ​ဖြစ်​ပြီး


ညီအစ်ကို​တို့၊ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။ ငါ​တို့​၏​ဘိုးဘေး​များ​အားလုံး​သည် မိုးတိမ်​အောက်၌​ရှိ​ခဲ့​၍ အားလုံး​သည် ပင်လယ်​ကို ဖြတ်ကျော်​ခဲ့​ကြ​ပြီး


ညီအစ်ကို​တို့၊ ဝိညာဉ်​ဆု​ကျေးဇူး​များ​နှင့်​ပတ်သက်၍ အောက်ပါ​အကြောင်းအရာ​များ​ကို သင်​တို့​မ​သိ​ဘဲ မ​နေ​စေ​လို​ပါ။


ချစ်​ရ​သော​သူ​တို့၊ ယခု ဤ​ဒုတိယ​စာ​ကို သင်​တို့​ထံသို့ ငါ​ရေး​လိုက်​၏။ ငါ​သည် ဤ​စာ​နှစ်စောင်လုံး​တွင် သင်တို့ကို​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​၏​ဖြူစင်​သော​စိတ်နှလုံး​ကို နိုးကြား​တက်ကြွ​စေ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos