၂ တိ 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 အမှန်စင်စစ် ခရစ်တော်ယေရှုအားဖြင့် ဘုရားဝတ်၌မွေ့လျော်စွာအသက်ရှင်ရန် အလိုရှိသောသူအားလုံးတို့သည် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။ Ver CapítuloCommon Language Bible12 ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ဘုရားဝတ်၌မွေ့လျော်လိုသူတိုင်းနှိပ်စက် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။- Ver CapítuloGarrad Bible12 မု ချ ဆို သော် ခ ရစ် တော် ယေ ရှု အား ဖြင့် ဘု ရား တ ရား ကြည် ညို လျက် နေ လို သူ ရှိ သ မျှ သည် ညှဉ်း ပန်း ခံ ရ ကြ လိမ့် မည်။ Ver CapítuloJudson Bible12 ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း12 အမှန်ပင် ယေရှုခရစ်တော်ကို ယုံကြည်၍ ဘုရားတရားကိုင်းရှိုင်းလျက် နေထိုင်လိုသူတိုင်း ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည်။ Ver Capítulo |
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှိများနှင့် ကျမ်းပြုဆရာများကို သင်တို့ထံသို့စေလွှတ်မည်။ ထိုအခါ သင်တို့သည် သူတို့ထဲမှ အချို့တို့ကိုသတ်၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလိမ့်မည်။ အချို့တို့ကို သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ ဒဏ်ခတ်ရိုက်နှက်ပြီး တစ်မြို့မှတစ်မြို့သို့ လိုက်လံညှဉ်းဆဲကြလိမ့်မည်။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ဘုရားသခင်၏အစေအပါးနှင့် ယေရှုခရစ်တော်၏တမန်တော်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါ၏။ ငါသည် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့၏ယုံကြည်ခြင်းအတွက်လည်းကောင်း၊ ထာဝရအသက်ကိုမျှော်လင့်ခြင်းအားဖြင့် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီ သမ္မာတရားကိုသိရှိစေရန်အတွက်လည်းကောင်း တမန်တော်ဖြစ်လာ၏။