၂ တိ 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။ Ver CapítuloCommon Language Bible22 သက်ရွယ်ပျိုသူတို့၏ရမ္မက်ဆန္ဒများကိုရှောင် ကြဉ်လော့။ သခင်ဘုရားအားသန့်ရှင်းစင်ကြယ် သောစိတ်နှင့်ပတ္ထနာပြုသူအပေါင်းတို့နှင့် အတူဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်းတရား၊ မေတ္တာတရားနှင့်ငြိမ်းချမ်းသာယာမှုကိုရှာ လော့။- Ver CapítuloGarrad Bible22 ပျို ရွယ် သူ တို့ တပ် မက် ခြင်း များ ကို ကြဉ် ရှောင် လျက် အ ရှင် ဘု ရား ထံ စင် ကြယ် သော စိတ် နှ လုံး ဖြင့် ပ ဌ နာ ပြု သူ တို့ နှင့် တ ကွ အ သင့် အ တင့် နေ ခြင်း မှ စ၍ ဖြောင့် မတ် ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း များ ကို လိုက် ရှာ လော့။ Ver CapítuloJudson Bible22 လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပတ္ထနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက်လော့။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း22 ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။ Ver Capítulo |
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။