၂ ကော 7:5 - မြန်မာ့စံမီသမ္မာကျမ်း5 မာကေဒေါနိပြည်သို့ ငါတို့ရောက်သောအခါ ငါတို့၏ကိုယ်ကာယသည် နားနေရန်အခွင့်မရဘဲ အပြင်၌တိုက်ခိုက်ခြင်းများ၊ အတွင်း၌ကြောက်ရွံ့ခြင်းများရှိ၍ အဘက်ဘက်မှနှိပ်စက်ခြင်းကိုခံရကြ၏။ Ver CapítuloCommon Language Bible5 မာကေဒေါနိပြည်သို့ရောက်ရှိသောအခါ၌ ပင်လျှင် ငါတို့သည်စိတ်သက်သာမှုကိုမရကြ။ အရပ်ရပ်တွင်အခက်အခဲများရှိ၏။ အငြင်း ပွားမှုများရှိ၏။ ငါတို့၌လည်းကြောက်စိတ်ရှိ၏။- Ver CapítuloGarrad Bible5 အ သို့ ဆို သော် မာ ကေ ဒေါ နိ ပြည် သို့ ငါ တို့ ရောက် သည့် အ ခါ ပင် ကာ ယ သု ခ မ ရ ဘဲ ဗ ဟိ ဒ္ဓ တွင် တိုက် လှန် ခြင်း၊ အ ဇ္စု တ္တ တွင် ကြောက် ရွံ့ ခြင်း သင့် လျက် ဖိ စီး ခြင်း ကို အ ဘက် ဘက် ခံ ရ သော် လည်း၊ Ver CapítuloJudson Bible5 ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံရကြ၏။ ပြင်၌ကား တိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 မာကေဒေါနိပြည်သို့ ကျွန်ုပ်တို့ရောက်သောအခါ ကျွန်ုပ်တို့သည် စိတ်သက်သာရာရသည်ဟူ၍မရှိ။ ပြင်ပအတိုက်အခိုက်များ၊ အတွင်းကြောက်စိတ်များဖြင့် အဘက်ဘက်မှ နှိပ်စက်မှုများကို ခံရကြ၏။ Ver Capítulo |
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။