၂ ကော 7:15 - မြန်မာ့စံမီသမ္မာကျမ်း15 တိတုသည် သင်တို့အားလုံး၏နာခံမှုနှင့် သင်တို့သည် သူ့ကိုကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြိုဆိုလက်ခံခဲ့ကြောင်းကို သတိရသဖြင့် သင်တို့ကို ပို၍ကြွယ်ဝစွာချစ်ခင်ကြင်နာလေ၏။ Ver CapítuloCommon Language Bible15 သူ၏စကားကိုသင်တို့လိုက်နာရန်အသင့် ရှိကြသည်ကိုလည်းကောင်း၊ ကြောက်ရွံ့တုန် လှုပ်လျက်သူ့အားကြိုဆိုလက်ခံကြသည် ကိုလည်းကောင်းသူသည်သတိရသဖြင့် သင်တို့အားပို၍ပင်ချစ်ခင်မြတ်နိုးလာ ပေသည်။- Ver CapítuloGarrad Bible15 တိ တု လည်း သင် တို့ ရှိ သ မျှ လိုက် နာ လျက် ကြောက် ရွံ့ တုန် လှုပ် စွာ သူ့ ကို လက် ခံ ကြ ကြောင်း သ တိ ရ၍ သင် တို့ အား အ ထူး နှစ် သက် လေ ၏။ Ver CapítuloJudson Bible15 သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍ နားထောင်ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း15 သင်တို့အားလုံးက နာခံ၍ ကြောက်ရွံ့တုန်လှုပ်လျက် သူ့အား လက်ခံခဲ့ကြောင်းကို တိတုသည် သတိရသဖြင့် သင်တို့ကို ပို၍ ချစ်ခင်မြတ်နိုးလာ၏။ Ver Capítulo |
အသက်ရှင်နေသောသား၏မိခင်မှာ မိမိသားကို အလွန်သနားသဖြင့် ရှင်ဘုရင်အား “အို အကျွန်ုပ်၏သခင်၊ အသက်ရှင်နေသောသားကို သူ့အား ပေးလိုက်ပါ။ ကလေးကို အလျှင်းမသတ်ပါနှင့်”ဟု လျှောက်တင်၏။ သို့သော် နောက်မိန်းမက “သင်လည်း မယူရ၊ ငါလည်း မယူရ။ ဤကလေးကို နှစ်ခြမ်းခွဲပါစေ”ဟု ဆို၏။
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။