၂ ကော 6:14 - မြန်မာ့စံမီသမ္မာကျမ်း14 မယုံကြည်သောသူတို့နှင့် မညီသောထမ်းပိုးကိုမထမ်းကြနှင့်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းနှင့်တရားမဲ့ခြင်းတို့အကြား၌ မည်သို့သောပတ်သက်မှုရှိသနည်း။ အလင်းနှင့်အမှောင်တို့အကြား၌ မည်သို့သောမိတ်သဟာယဖွဲ့ခြင်းရှိသနည်း။ Ver CapítuloCommon Language Bible14 မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။- Ver CapítuloGarrad Bible14 မ ယုံ ကြည် သူ တို့ နှင့် ဘက် မ ညီ ဘဲ တမ်း ပိုး တင် မ ခံ ကြ လင့်။ ဖြောင့် မတ် ခြင်း နှင့် မ တ ရား ခြင်း သည် မည် သို့ ဖက် စပ် နိုင် အံ့ နည်း။ အ လင်း နှင့် မှောင် မိုက် သည် မည် သို့ ဆက် ဆံ နိုင် အံ့ နည်း။ Ver CapítuloJudson Bible14 မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 မယုံကြည်သောသူတို့နှင့် တွဲဖက်၍ မလုပ်ဆောင်ကြနှင့်။ ဖြောင့်မတ်သောသူနှင့် တရားမဲ့သောသူသည် မည်သို့ တွဲဖက်၍ လုပ်ဆောင်နိုင်မည်နည်း။ အလင်းနှင့် အမှောင်သည် မည်သို့ ဆက်စပ်ယှဉ်တွဲ၍ နေနိုင်မည်နည်း။ Ver Capítulo |
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။