၂ ကော 3:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့သည် ငါတို့ပြုစုသော ခရစ်တော်၏စာဖြစ်ကြောင်း ထင်ရှားလျက်ရှိ၏။ ထိုစာကို မင်အားဖြင့်မဟုတ်ဘဲ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရေးထားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်၌မဟုတ်ဘဲ လူ၏နှလုံးသားပြင်ပေါ်၌ရေးထားခြင်းဖြစ်၏။ Ver CapítuloCommon Language Bible3 ထိုစာကိုခရစ်တော်ကိုယ်တိုင်ရေး၍ငါတို့ နှင့်ပေးပို့တော်မူသည်မှာထင်ရှား၏။ ထိုစာ ကားမင်ဖြင့်ရေးသောစာမဟုတ်။ အသက်ရှင် တော်မူသောဘုရားသခင်၏ဝိညာဉ်တော် ဖြင့်ရေးသောစာဖြစ်၏။ ထိုစာကိုကျောက် ပြားပေါ်တွင်မရေးဘဲနှလုံးသားပေါ်တွင် ရေးသတည်း။ Ver CapítuloGarrad Bible3 သင် တို့ သည် မင် နှင့် ကျောက် ပြား ပေါ် တွင် မ ဟုတ်။ အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် ဝိ ညာဉ် တော် နှင့် နှ လုံး သား ပြင် တွင် ငါ တို့ ဆောင် ရွက် ခြင်း ဖြင့် ခ ရစ် တော် အ က္ခ ရာ တင် တော် မူ သော လက် မှတ် ဖြစ် ကြောင်း ထင် ရှား ၏။ Ver CapítuloJudson Bible3 အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍လည်းကောင်း၊ ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့် ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍လည်းကောင်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း3 သင်တို့သည် ကျွန်ုပ်တို့ ပြုစုသော ခရစ်တော်ထံမှစာဖြစ်ကြောင်း သိသာထင်ရှား၏။ ဤစာသည် မင်ဖြင့် ရေးသားထားသောစာ မဟုတ်၊ အသက်ရှင်တော်မူသောဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ရေးသားထားသောစာဖြစ်၏။ ကျောက်ပြားပေါ်တွင် ရေးထွင်းထားသောစာမဟုတ်၊ လူ့နှလုံးသားပေါ်တွင် ရေးထွင်းထားသောစာဖြစ်၏။ Ver Capítulo |
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
ဘုရားသခင်၏ဗိမာန်တော်နှင့်ရုပ်တုတို့အကြား၌ မည်သို့သောသဘောတူညီမှုရှိသနည်း။ ဘုရားသခင်က “ငါသည် သူတို့အထဲတွင်ကိန်းဝပ်လျက် သူတို့အလယ်၌သွားလာကာ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ငါတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။