၂ ကော 3:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုသူတို့၏စိတ်နှလုံးသည် မာကျောလျက်ရှိ၍ ယနေ့တိုင်အောင် ပဋိညာဉ်ဟောင်းကိုဖတ်သောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းမခံရဘဲ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာ ထိုမျက်နှာလွှားကို ဖယ်ရှားနိုင်၏။ Ver CapítuloCommon Language Bible14 ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။- Ver CapítuloGarrad Bible14 ထို သူ တို့ ကား စိတ် သ ဘော မိုက် မဲ လျက် ယ နေ့ တိုင် အောင် ပ ဋိ ညာဉ် တော် ဟောင်း ကို ဖတ် နာ ကြ သည့် ကာ လ ခ ရစ် တော်၌ ကွယ် ပျောက် ပြီး ဖြစ် ကြောင်း မ သိ သည့် အ လျောက် မျက် နှာ ဖုံး ဆင် ယင် လျက် ရှိ ကြ သေး ၏။ Ver CapítuloJudson Bible14 သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် ဓမ္မဟောင်းကျမ်းစာကို ဖတ်ကြသောအခါ အနက်အဓိပ္ပာယ်သည် ဖုံးအုပ်လျက်ရှိ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း14 ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။ Ver Capítulo |
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။