၂ ကော 13:10 - မြန်မာ့စံမီသမ္မာကျမ်း10 ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။ Ver CapítuloCommon Language Bible10 သင်တို့နှင့်ဝေးကွာသည်ကာလဤစာကိုရေးရ ခြင်းမှာငါလာသောအခါ သခင်ဘုရားငါ့အား ပေးတော်မူသည့်အခွင့်အာဏာကိုပြင်းပြင်းထန် ထန်အသုံးမပြုရစေရန်ပင်ဖြစ်ပေသည်။ ထိုအခွင့် အာဏာသည်သင်တို့အားပြုစုပျိုးထောင်ပေးရန် အတွက်ဖြစ်၏။ ဖြိုဖျက်ပစ်ရန်အတွက်မဟုတ်။ Ver CapítuloGarrad Bible10 ထို အ ကြောင်း ကြောင့် ဖြို လဲ ရန် မ ဟုတ်။ တည် ဆောက် ရန် အ ရှင် ဘု ရား သ နား တော် မူ သော အ ခွင့် အာ ဏာ အ လျောက် ငါ ရောက် လာ သော် ကြပ် တည်း စွာ မ ပြု ရ စေ ခြင်း ငှာ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဤ သို့ ရေး လိုက်၏။ Ver CapítuloJudson Bible10 ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှာ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှာ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။ Ver Capítulo |