၂ ကော 12:6 - မြန်မာ့စံမီသမ္မာကျမ်း6 ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။ Ver CapítuloCommon Language Bible6 ငါကြွားဝါလိုပါမူသူရူးဖြစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ငါသည်ဟုတ်မှန်သည့် စကားကိုသာပြောဆိုခြင်းဖြစ်မည်။ သို့သော် အဘယ်သူမျှမိမိကိုယ်တိုင်မြင်ရကြား ရသည်ထက်ပို၍ ငါ့အားအထင်မကြီး စေလိုသဖြင့်ငါသည်ကြွားဝါလိမ့်မည် မဟုတ်။ Ver CapítuloGarrad Bible6 ငါ ဂုဏ် တင် လို ခဲ့ လျှင် အ ဟုတ် အ မှန် ပြန် ကြား မည် ဖြစ် သော ကြောင့် ဉာဏ် မဲ့ သူ မ ဟုတ်။ သို့ ရာ တွင် မည် သူ မ ဆို ငါ၌ ထောက် ရှု ရာ ငါ့ ထံ ကြား နာ ရ သည် ထက် ငါ့ ကို အ ရေး မ ယူ စေ ရန် ချုပ် တည်း လျက် ငါ နေ၏။ Ver CapítuloJudson Bible6 ဝါကြွားခြင်းငှာ အလိုရှိလျှင်လည်း၊ သူရူးဖြစ်သည်မဟုတ်။ အကြောင်းမူကား၊ ငါသည်ဟုတ်မှန်စွာ ပြောတတ်၏။ တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုမြင်သည်ထက်၊ ငါ့သတင်းကို ကြားသည်ထက်၊ ငါ့ကို သာ၍ မထင်စေခြင်းငှာ ငါမပြောဘဲနေ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း6 ကျွန်ုပ်ကြွားဝါလိုလျှင်လည်း အမှန်ကိုသာ ပြောဆိုမည်ဖြစ်သောကြောင့် မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူကမျှ ကျွန်ုပ်ကို မြင်ရသည်ထက်၊ သို့မဟုတ် ကျွန်ုပ်ထံက ကြားရသည်ထက် ပို၍ အထင်မကြီးမိစေရန် ကျွန်ုပ်မကြွားဝါဘဲနေမည်။ Ver Capítulo |