၂ ကော 10:11 - မြန်မာ့စံမီသမ္မာကျမ်း11 ငါတို့သည် အဝေး၌ရှိနေစဉ် စာ၌ရေးလိုက်သည့်စကားအတိုင်း ကိုယ်တိုင်ရောက်လာသောအခါ၌လည်း ပြုမည်ဖြစ်ကြောင်း ထိုသူသိမှတ်ပါစေ။ Ver CapítuloCommon Language Bible11 ငါတို့သည်အဝေး၌ရှိစဉ်အခါကစာရေး ပြောကြားလိုက်သည်အတိုင်းပင် လူကိုယ်တိုင် ရောက်ရှိလာချိန်၌ပြုမူဆောင်ရွက်မည်ဖြစ် ကြောင်းထိုသူအားအသိပေးလိုက်သည်။ Ver CapítuloGarrad Bible11 ကွဲ ကွာ လျက် နေ စဉ် ရေး လိုက် သော စာ ပါ စ ကား အ တိုင်း ပင် ကိုယ် တိုင် လာ စဥ် စီ ရင် မှု ပြု ကြောင်း သိ မှတ် ပါ စေ။ Ver CapítuloJudson Bible11 ငါတို့သည် ကိုယ်တိုင်မရှိ၍ စာ၌ပါသော စကားအားဖြင့် ဖြစ်သကဲ့သို့၊ ကိုယ်တိုင်မျက်မှောက် ရှိသောအခါ အမှုအားဖြင့် ဖြစ်လိမ့်မည်ဟု ထိုသူသည် ဆင်ခြင်သိမှတ်စေ။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း11 ထိုသို့ ပြောဆိုသောသူများ သိမှတ်ရမည်မှာ ကျွန်ုပ်တို့သည် အဝေးတွင် ရှိစဉ်က စာ၌ ရေးလိုက်သည့်စကားအတိုင်း လူကိုယ်တိုင်ရောက်ရှိလာသောအခါ လုပ်ဆောင်သွားမည့်အကြောင်းပင် ဖြစ်၏။ Ver Capítulo |
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။