၁ သက် 4:10 - မြန်မာ့စံမီသမ္မာကျမ်း10 အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်တစ်ဝန်းလုံးရှိ ညီအစ်ကိုအားလုံးတို့အပေါ် ထိုမေတ္တာကိုပြကြပြီ။ သို့ရာတွင် ညီအစ်ကိုတို့၊ ထိုမေတ္တာကို ပို၍ပြည့်စုံစွာပြကြရန်လည်းကောင်း၊ Ver CapítuloCommon Language Bible10 အမှန်စင်စစ်သင်တို့သည်မာကေဒေါနိပြည် တစ်ပြည်လုံးရှိခရစ်ယာန်ညီအစ်ကိုတို့အား ချစ်ခဲ့ကြလေပြီ။ သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့သည်ထိုထက်မကပိုမိုချစ်ကြရန် ငါတို့တိုက်တွန်း၏။- Ver CapítuloGarrad Bible10 မာ ကေ ဒေါ နိ ပြည် တစ် ဝှမ်း လုံး ရှိ ညီ အစ် ကို ခပ် သိမ်း တို့ ကို ချစ် ကြ ပေ၏။ သို့ ရာ တွင် ညီ အစ် ကို တို့ ထို ထက် ချစ် ကြ စေ ရန် လည်း ကောင်း၊ Ver CapítuloJudson Bible10 ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့်၊- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်အရပ်ရပ်၌ နေထိုင်ကြသော ညီအစ်ကိုမောင်နှမတို့ကို အမှန်တကယ် ချစ်ကြ၏။ သို့ရာတွင် ညီအစ်ကိုမောင်နှမတို့… ထိုထက်မက ပို၍ချစ်ကြရန် ကျွန်ုပ်တို့သည် သင်တို့ကို တိုက်တွန်း၏။ Ver Capítulo |
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။