၁ သက် 3:10 - မြန်မာ့စံမီသမ္မာကျမ်း10 ငါတို့သည် သင်တို့နှင့်လူချင်းတွေ့နိုင်ရန်နှင့် သင်တို့၏ယုံကြည်ခြင်းတွင် လိုအပ်သည့်အပိုင်းများကို ဖြည့်ဆည်းပေးနိုင်ရန် နေ့ရောညပါ အလွန်စိတ်အားထက်သန်စွာဖြင့် ဆုတောင်းနေကြ၏။ Ver CapítuloCommon Language Bible10 သင်တို့ထံသို့ရောက်ရှိပြီးလျှင်သင်တို့ ယုံကြည်ခြင်းပါရမီကိုဖြည့်တင်းပေးခွင့် ကိုရနိုင်ရန် ငါတို့သည်နေ့ရောညပါစိတ် အားထက်သန်စွာဆုတောင်းပတ္ထနာပြုကြ၏။ Ver CapítuloGarrad Bible10 သင် တို့ မျက် နှာ ကို မြင်၍ သင် တို့ ယုံ ကြည် ခြင်း၌ လို သ မျှ ကို ဖြည့် စွက် ရန် ငါ တို့ သည် နေ့ ညဉ် မ ပြတ် အ ထူး တောင်း လျှောက် လျက် ရှိ နေ ကြ ၏။ Ver CapítuloJudson Bible10 သင်တို့မျက်နှာကိုမြင်၍၊ သင်တို့ယုံကြည်ခြင်း လိုသေးသမျှကို စုံလင်စေမည်အကြောင်း၊ ငါတို့သည် နေ့ညမပြတ် အလွန်တရာ ဆုတောင်းပတ္ထနာပြု၍ နေကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း10 ကျွန်ုပ်တို့သည် သင်တို့နှင့် လူချင်း တွေ့၍ သင်တို့၏ ယုံကြည်ခြင်းတွင် လိုအပ်နေသေးသော အပိုင်းကို ဖြည့်တင်းပေးနိုင်ရန် နေ့ရောညပါ စိတ်အားထက်သန်စွာ ဆုတောင်းကြ၏။ Ver Capítulo |
ထို့ကြောင့် ငါတို့၏ဘုရားသခင်သည် သင်တို့ကို ခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်သောသူများဖြစ်စေ၍ ကောင်းမြတ်သောအမှုကိုပြုလိုသောစေတနာစိတ်ရှိသမျှနှင့် ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုတို့ကို တန်ခိုးတော်အားဖြင့် သင်တို့၌ပြည့်စုံစေတော်မူမည့်အကြောင်း သင်တို့အတွက် ငါတို့အစဉ်အမြဲဆုတောင်းကြ၏။
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။