၁ ရာချုပ် 6:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထာဝရဘုရားက နေဗုခဒ်နေဇာမင်းကြီးအားဖြင့် ယုဒပြည်သူနှင့်တကွ၊ ဂျေရုဆလင်မြို့သားတို့ကို ဖမ်းခေါ်သွားသောအခါ ယောဇဒက်လည်း ပါသွား၏။ Ver CapítuloCommon Language Bible15 ဘုရားသခင်သည်နေဗုခဒ်နေဇာမင်းကို အသုံးပြု၍ ယုဒပြည်သူပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ပြည်နှင် ဒဏ်ပေးသောအခါယောဇဒက်လည်းပါ သွားလေသည်။ Ver CapítuloGarrad Bible15 နေ ဗု ခဒ် နေ ဇာ မင်း လက် ဖြင့် ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ ကို ထာ ဝ ရ ဘု ရား သိမ်း သွား စေ တော် မူ သော အ ခါ ထို ယော ဇ ဒက် ပါ သွား သ တည်း။ Ver CapítuloJudson Bible15 ယောဇဒက်သည် နေဗုခဒ်နေဇာလက်ဖြင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရားသိမ်းသွားစေတော်မူသောအခါ ပါသွားသတည်း။ Ver Capítulo |
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကြွင်းကျန်သောလူအပေါင်းတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုလည်းကောင်း၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားစေလွှတ်တော်မူသောပရောဖက်ဟဂ္ဂဲ ဆင့်ဆိုသည့်စကားကိုလည်းကောင်း နားထောင်ကြ၏။ လူအပေါင်းတို့သည်လည်း ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြ၏။
ဤသို့ဖြင့် ထာဝရဘုရားသည် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၏စိတ်ကိုလည်းကောင်း၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏စိတ်ကိုလည်းကောင်း၊ ကြွင်းကျန်သောသူအပေါင်း၏စိတ်ကိုလည်းကောင်း လှုံ့ဆော်သဖြင့် သူတို့သည် လာ၍ မိမိတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ကြ၏။