၁ ရာချုပ် 5:20 - မြန်မာ့စံမီသမ္မာကျမ်း20 သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။ Ver CapítuloCommon Language Bible20 ထိုအခါသူတို့သည်ဘုရားသခင်အား ယုံကြည်ကိုးစားလျက် ကူမတော်မူရန် ဆုတောင်းပတ္ထနာပြုကြ၏။ ဘုရားသခင် သည်လည်းနားညောင်းတော်မူသဖြင့် သူတို့ သည်ဟာဂရအမျိုးသားနှင့်၎င်း၏မဟာ မိတ်တို့ကိုအနိုင်ရကြ၏။- Ver CapítuloGarrad Bible20 တိုက် ခိုက် ရာ၌ ဘု ရား သ ခင် အား ကိုး စား ဟစ် ခေါ် သော ကြောင့် ဘု ရား သ ခင် နား ညောင်း ၍ မ စ တော် မူ သ ဖြင့် ဟာ ဂ ရ လူ မျိုး မှ စ သော ဘက် ပါ အ ပေါင်း တို့ ကို ရ သည့် ပြင်၊ Ver CapítuloJudson Bible20 စစ်တိုက်သောအခါ ဘုရားသခင်ကိုကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော်မူခြင်းကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာရှိသမျှကိုရကြ၏။ Ver Capítulo |
စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင် ဖြစ်ရမည်”ဟု ဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီးကလည်း အော်ဟစ်အကူအညီတောင်းသဖြင့် ထာဝရဘုရားသည် သူ့ကို ကူမတော်မူ၏။ ဘုရားသခင်သည် ရန်သူတို့ကို ယောရှဖတ်မင်းကြီးထံမှ လမ်းလွဲစေတော်မူ၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။