၁ ရာချုပ် 27:24 - မြန်မာ့စံမီသမ္မာကျမ်း24 ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။ Ver CapítuloCommon Language Bible24 ဇေရုယာ၏သားယွာဘသည်သန်းခေါင်စာရင်း တစ်ရပ်စတင်ကောက်ယူခဲ့သော်လည်းအပြီး မသတ်ချေ။ ဤသန်းခေါင်စာရင်းကောက်ယူမှု အတွက်ဘုရားသခင်သည် ဣသရေလအမျိုး သားတို့အားအပြစ်ဒဏ်ခတ်တော်မူ၏။ သို့ဖြစ် ၍ကောက်ယူရရှိသည့်နောက်ဆုံးကိန်းဂဏန်း များကိုဒါဝိဒ်မင်း၏တရားဝင်မှတ်တမ်းများ တွင်ရေးမှတ်ထားခြင်းမရှိပေ။ Ver CapítuloGarrad Bible24 ဇေ ရု ယာ့ သား ယွာ ဘ စာ ရင်း ကောက် စ ပြု ရာ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် အ မျက် တော် သင့် သည့် အ တွက် အ ဆုံး မ သတ် ရ။ ကောက် ပြီး သူ တို့ ကို လည်း ရွှေ တိုက် စာ ရင်း တွင် ဒါ ဝိဒ် မင်း မ သွင်း ချေ။ Ver CapítuloJudson Bible24 ဇေရုယာသား ယွာဘသည် စာရင်းယူစပြု၍၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုးအပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏မှတ်စာ၌ မသွင်းမမှတ်။ Ver Capítulo |