၁ ရာချုပ် 27:16 - မြန်မာ့စံမီသမ္မာကျမ်း16 အစ္စရေးအမျိုးအနွယ်တို့ကို အုပ်ချုပ်ရသူများမှာ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခါ၏သားရှေဖတိ၊ Ver CapítuloCommon Language Bible16-22 ဣသရေလအမျိုးအနွယ်၏အုပ်ချုပ်ရေး အရာရှိများမှာအောက်ပါအတိုင်းဖြစ်၏။ အနွယ် အုပ်ချုပ်သူ ရုဗင် ဇိခရိ၏သားဧလျေဇာ။ ရှိမောင် မာခ၏သားရှေဖတိ။ လေဝိ ကေမွေလ၏သားဟာရှဘိ။ အာရုန် ဇာဒုတ်။ ယုဒ ဒါဝိဒ်၏အစ်ကိုဧလိဟု။ ဣသခါ မိက္ခေလ၏သားသြမရိ။ ဇာဗုလုန် သြဗဒိသားဣရှမာယ။ နဿလိ အာဇရေလ၏သား ယေရိမုတ်။ ဧဖရိမ် အာဇဇိ၏သားဟောရှေ။ အနောက်ပိုင်းမနာရှေ ပေဒါယ၏သားယောလ။ အရှေ့ပိုင်းမနာရှေ ဇာခရိ၏သားဣဒ္ဒေါ။ ဗင်္ယာမိန် အာဗနာ၏သားယာသေလ။ ဒန် ယေရောဟံ၏သား အာဇရေလ။ Ver CapítuloGarrad Bible16 ဣ သ ရေ လ အ မျိုး အ နွယ် ဦး စီး ဦး ကိုင် များ ကား ရု ဗင့် အ နွယ် တွင် ဇိ ခ ရိ သား ဧ လျေ ဇာ၊ ရှိ မောင့် အ နွယ် တွင် မာ ခါ့ သား ရှေ ဖ တိ၊ Ver CapítuloJudson Bible16 ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်သောမင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။ Ver Capítulo |
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။