၁ ရာချုပ် 24:6 - မြန်မာ့စံမီသမ္မာကျမ်း6 လေဝိအမျိုး နာသနေလ၏သားစာရေးတော်ရှေမာယသည် သူတို့ကို ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိမလက်၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများရှေ့မှောက်တွင် စာရင်းသွင်းရေးမှတ်၏။ ဧလာဇာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦး၊ ဣသမာ၏ဘိုးဘေးအိမ်ထောင်စုထဲမှ လူတစ်ဦးကို ရွေးကောက်ပြီးလျှင် Ver CapítuloCommon Language Bible6 ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။ Ver CapítuloGarrad Bible6 ဘု ရင် မင်း မှ စ၍ မှူး တော် မတ် တော်၊ ပ ရော ဟိတ် ဇာ ဒုတ်၊ အ ဗျာ သာ သား အ ဟိ မ လက်၊ ပ ရော ဟိတ် တို့ နှင့် လေ ဝိ ဂိုဏ်း သား တို့ အိမ် ထောင် အ အုပ် အ ချုပ် များ ရှေ့ တွင် ပင် လေ ဝိ အ နွယ်၊ နာ သ နေ လ သား၊ သံ တော် ဆင့် ရှေ မာ ယ သည် မှတ် သား လျက် ဧ လာ ဇာ့ အ ဆက်၊ ဣ သ မာ့ အ ဆက်၊ အိမ် ထောင် တိုင်း လှည့် လည် မဲ ချ ရာ၊ Ver CapítuloJudson Bible6 လေဝိအမျိုး နာသနေလသား စာရေးတော်ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသား အဆွေအမျိုးသူကြီးများရှေ့မှာ နာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊ Ver Capítulo |